News

ကနီကိုသိမ်းချင်တိုင်း သိမ်းလို့မရကြောင်း ပြတ်ပြတ်သားသားကြေညာပြီး သူတို့ရဲ့ရဲရင့်မှုကိုပြသလိုက်တဲ့ PDF အဖွဲ့ကလူငယ်တွေရဲ့ပုံရိပ်များ

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကနီၿမိဳ႕နယ္မွာေတာ့ ၿပီးခဲ့တဲ့ ေမလ (၁၅) ရက္ေန႔ကစတင္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။ ဒီတပ္ဖြဲ႕မွာဆိုရင္ ကနီၿမိဳ႕နယ္မွာ လူထုလႈပ္ရွားမႈျပဳလုပ္ေနတဲ့ လူငယ္ေတြပါဝင္သလို ကိုယ္ေနထိုင္ရာ ရပ္႐ြာေတြကို ကာကြယ္ေပးေနတဲ့ လူငယ္ေတြလည္း ပါဝင္တာပဲ ျဖစ္ပါတယ္။

ကနီၿမိဳ႕နယ္က PDF အဖြဲ႕ကေတာ့ အခ်က္ငါးခ်က္ကို အဓိကဦးစားေပးၿပီး ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း စာတစ္ေစာင္ ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္ ။

မေန႔က ေမလ (၂၄) ရက္ေန႔မွာဆိုရင္လည္း ကနီ PDF အဖြဲ႕က Paper Strike ျပဳလုပ္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ ေတာထဲေတာင္ထဲမွာ ခက္ခက္ခဲခဲေနထိုင္ၿပီး ျပည္သူေတြကို ကာကြယ္ေစာင့္ေရွာက္ေပးေနတဲ့ ကနီလူငယ္ကေတာ့ သူတို႔ရဲ႕ရင္တြင္းဆႏၵေတြကို ေရးသားေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ PDF အဖြဲ႕က လူငယ္ေတြက ကနီကိုသိမ္းခ်င္တိုင္း သိမ္းလို႔မရေၾကာင္း ျပတ္ျပတ္သားသား ေၾကညာခဲ့ၾကတာ ျဖစ္ပါတယ္ ။

ေသနတ္တစ္လက္ကိုယ္စီနဲ႔ တိုက္ပြဲဝင္ဖို႔ အသင့္ျဖစ္ေနၾကတဲ့ ကနီ PDF အဖြဲ႕က လူငယ္ေတြကို ျပည္သူေတြကလည္း ေဘးကင္းေစဖို႔ ဆုေတာင္းေပးေနၾကတာ ျဖစ္ပါတယ္ ။ ကနီလူငယ္ေတြကေတာ့ သူတို႔ရဲ႕ရဲရင့္တဲ့စိတ္ဓာတ္နဲ႔ ခြန္အားကို ထင္ထင္ရွားရွား ျပသခဲ့ၾကတာ ျဖစ္ပါတယ္။

ရရာလက္နက္စြဲကိုင္ၿပီး ျပည္သူေတြကိုကာကြယ္ရင္းနဲ႔ ေတာထဲမွာဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့ ကနီ PDF အဖြဲ႕က လူငယ္ေတြရဲ႕လႈပ္ရွားမႈပုံရိပ္ေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source: “ျပည္သူ႔မီဒီယာကြန္ယက္ မုံ႐ြာ” FB Page

Unicode

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာတော့ ပြီးခဲ့တဲ့ မေလ (၁၅) ရက်နေ့ကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့မှာဆိုရင် ကနီမြို့နယ်မှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေပါဝင်သလို ကိုယ်နေထိုင်ရာ ရပ်ရွာတွေကို ကာကွယ်ပေးနေတဲ့ လူငယ်တွေလည်း ပါဝင်တာပဲ ဖြစ်ပါတယ်။

ကနီမြို့နယ်က PDF အဖွဲ့ကတော့ အချက်ငါးချက်ကို အဓိကဦးစားပေးပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း စာတစ်စောင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ် ။

မနေ့က မေလ (၂၄) ရက်နေ့မှာဆိုရင်လည်း ကနီ PDF အဖွဲ့က Paper Strike ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကနီလူငယ်ကတော့ သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် PDF အဖွဲ့က လူငယ်တွေက ကနီကိုသိမ်းချင်တိုင်း သိမ်းလို့မရကြောင်း ပြတ်ပြတ်သားသား ကြေညာခဲ့ကြတာ ဖြစ်ပါတယ် ။

သေနတ်တစ်လက်ကိုယ်စီနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြတဲ့ ကနီ PDF အဖွဲ့က လူငယ်တွေကို ပြည်သူတွေကလည်း ဘေးကင်းစေဖို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ ကနီလူငယ်တွေကတော့ သူတို့ရဲ့ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ခွန်အားကို ထင်ထင်ရှားရှား ပြသခဲ့ကြတာ ဖြစ်ပါတယ်။

ရရာလက်နက်စွဲကိုင်ပြီး ပြည်သူတွေကိုကာကွယ်ရင်းနဲ့ တောထဲမှာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကနီ PDF အဖွဲ့က လူငယ်တွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source: “ပြည်သူ့မီဒီယာကွန်ယက် မုံရွာ” FB Page