Feature News

စားပွဲထိုးများကို အော်ခေါ်နိုင်ရန် မိုက်စ်နှင့် ဆောင်းဘောက်ကို စားသောက်ဆိုင်သို့ သယ်ယူလာသည့် အမျိုးသမီး

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]



 



 

Unicode

ခေါ်မကြားအော်မကြားဖြစ်နေသော စားပွဲထိုးများကို အော်ခေါ်နိုင်ရန် မိုက်စ်နှင့် ဆောင်းဘောက်ကို စားသောက်ဆိုင်သို့ သယ်ယူလာသည့် အမျိုးသမီး

ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသမီး၏ စားသောက်ဆိုင်အတွင်းတွင် ပြုလုပ်သော အမူအရာ ဗီဒီယိုဖိုင်လေးဟာ လိုင်းပေါ်တွင် နာမည်ကြီးလာပြီး လူကြိုက်များလာခဲ့ပါတယ်။အမျိုးသမီး၏ ပြုလုပ်ပုံများဟာ စားသောက်ဆိုင်အတွင်း၌ရှိသော စားသောက်သူအကုန်လုံးကို ဘာမျှမစားသောက်နိုင်တော့ဘဲ ရယ်မောနေစေခဲ့ပါတယ်။

 

ကောင်မလေးဟာ သူငယ်ချင်းများနှင့်အတူ စားသောက်ဆိုင်တွင် ထမင်းစားနေစဉ်တွင် လိုက်ပွဲတောင်းရန် စားပွဲထိုးများကို အော်ခေါ်နေပါတယ်။ကောင်မလေးဟာ အမြဲတမ်း ခေါ်မကြားအော်မကြား ဖြစ်နေရသည့် စားပွဲထိုးများကို စိတ်မရှည်ဟန်ရှိနေခဲ့ပါတယ်။

ထို့ကြောင့် ကောင်မလေးကာ မိုက်တစ်လုံးနှင့် ဆောင်းဘောက်တစ်ခုကို ယူဆောင်လာပြီး အကုန်လုံးကြားအောင် စားသောက်ဆိုင်ထဲတွင် အော်ခေါ်နေခဲ့ပါတယ်။
ကောင်မလေး၏ ပြုလုပ်ပုံဟာ လူအများကို ရယ်မောစေပြီး ဆိုင်ရှင်အတွက်တော့ အတော်လေးစိတ်လေသွားနိုင်ပါတယ်။