Celebrity News News

ဒီစခန်းမှာ ကျွန်မရှိတယ်ဆိုပြီးပြောလို့ တော်လှန်ရေးထဲ ပါဝင်ဖို့လာတဲ့ သူတွေကိုလေးစားကြိုဆိုပါတယ် ၊ ထားထက်ထက်

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

မော်ဒယ်သရုပ်ဆောင် ထားထက်ထက်က “ကျွန်မတို့အားလုံးရဲ့ လွတ်လပ်မှုတွေ အခွင့်အရေးနဲ့ အရာရာ ဆုံးရှုံးကြရတာ ဒီနေ့ဆို ရက် ၁၀၀ ပြည့်ခဲ့ပြီ။ကျွန်မ တော်လှန်ရေး နယ်မြေတခု ကို ရောက်ခဲ့တာလဲ ၁ လနဲ့ ၁၁ ရက်ရှိခဲ့ပြီ ကျွန်မနိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။

စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ရေးလုပ်တာကျွန်မတော်လှန်ရေးလုပ်တာ ဘာရပိုင်ခွင့် ဘာအခွင့်အရေး ဘာအရောင်အစွဲမှမပါဝင်ဘူး။ကျွန်မတို့ ဒီအာဏာရှင်စနစ်ဆိုးကို ဖြိုဖျက် နိုင်ဖို့ပဲ။

မတရားအနိုင်ကျင့်တာကို လက်မခံနိုင်တာအခုချိန်မှ မဟုတ်ပါဘူး။ကျွန်မသည် အရပ်သားအစိုးရတုန်းကလဲ မတရားအနိုင်ကျင့်တာ အာဏာပါဝါနဲ့လုပ်ချင်တိုင်းလုပ် ချယ်လှယ်တာကို လက်မခံနိုင်လို့ဝန်ကြီးအဆင့်ရောက်သည် အထိ တစ်ယောက်ထဲ ရင်ဆိုင်ခဲ့တာပါ။

အခုအချိန်မှာလဲ ဘယ်လိုမှ မနေနိုင်ဘူး။ဒီအတွက်ကျွန်မ ဆန္ဒပြခဲ့တယ် …ရသမျှနည်းနဲ့ ပြန်တိုက်မယ်။ကျွန်မ လုပ်နိုင်တာ ကူနိုင်တာ စွန့်လွှတ်နိုင်တာ အသက်အထိပေးဆပ်ဖို့ အသင့်ပဲ။

“ကျွန်မတို့ရဲ့ အဓိက ရည်ရွည်ချက်က တခုထဲပဲ အဲ့ဒါက နှစ် ၆၀ နီးပါးလောက် အမြစ်တွယ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုး ကျွန်မတို့ရဲ့ မျိုးဆက်မှာ အဆုံးထိ ပျက်သုဉ်းဖို့ အတွက် တိုက်ပွဲဝင်ဖို့”

ကျွန်မတို့တွေနိုင်မှ ပြန်လာလို့ရမယ်…ကျွန်မတို့တွေနိုင်မှ အဖမ်းခံထားရသူတွေလွတ်မယ်…ကျွန်မတို့တွေနိုင်မှအသက်ပေးခဲ့ရသူတွေကျေနပ်မယ် ကျွန်မတို့တွေနိုင်မှ မိသားစုတွေပြန်ဆုံဆည်းနိုင်မယ်”လို့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားပါတယ်။

Unicode