Celebrity News News

ဒီနေ့ညမှာဘဲ သူမရဲ့ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်နေတဲ့ အေသင်ချိုဆွေ

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

ဖေဖော်ဝါရီအစပိုင်းကတည်းမှ စတင်ကာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်သူများထဲတွင်အဆိုတော် အေသင်ချိုဆွေလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။

အခုလိုအမှန်တရားဘက်ကနေ ရဲရဲရင့်ရင့် ရပ်တည်ပေးခဲ့တဲ့ အေသင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာ ကောင်းလှပါတယ်။ နေ့စဉ်ရက်ဆက် ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရတာဖြစ်တဲ့အတွက် အားလုံးကလည်း သူမရဲ့ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း အေသင်နဲ့ပတ်သက်တဲ့ သတင်းတစ်ခု လူမှုကွန်ယက်တွင် တက်လာပါတယ်။

ဒါကတော့ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရသူ အေသင်ချိုဆွေတစ်ယောက် နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ကနဦး သတင်းများအရ သိရှိရပါတယ်။

တက်လာတဲ့ သတင်းများအရတော့ အေသင်ကို ဒီည ၇:၃၀ အချိန်တွင် ဒလန်ရဲ့ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမအိမ်တွင် ချိတ်ထားတဲ့ ကင်ဒိုဓားတစ်ချောင်းကိုလည်း သိမ်းဆည်းသွားတယ်လို့လည်း သတင်းတစ်ခုတွင် ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီသတင်းကြားကြားချင်းမှာဘဲ ပရိသတ်တွေကသူမအတွက် စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ကြားရတဲ့ သတင်းမဟုတ်ပါစေနဲ့လို့လည်း အားလုံးကဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

Unicode