News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးကောင်းမွန်ပြီး တရားရုံးကိုကိုယ်တိုင်လာရောက် အမှုရင်ဆိုင်မည်ဟု မင်းအောင်လှိုင်ပြော

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

ဖေဖော်ဝါရီ ၁ ရက် အရပ်သားအစိုးရကိုဖြုတ်ချပြီး နိုင်ငံ တော်အာဏာကို စစ်တပ်က မတရားသိမ်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ရဲ့ ပထမဆုံးအကြိမ်အင်တာဗျူးကို တရုတ်ဘာသာစကားနဲ့ဖော်ပြတဲ့ ဟောင်ကောင်အခြေစိုက် Phoenix ရုပ်မြင်သံကြားနဲ့ ပြုလုပ်ခဲ့ပါတယ်။

၂ နာရီကြာမြင့်တဲ့ Phoenix ရုပ်မြင်သံကြား နဲ့ မင်းအောင်လှိုင် အင်တာဗျူးကို မေလ ၂၂ ရက် ၊ စနေနေ့မှာ ဆိုရှယ်မီဒီယာပေါ် ဖြန့်ဝေခဲ့ပါတယ်။

အင်တာဗျူး ကောက်နုတ်တင်ပြချက် ဗီဒီယိုဖိုင်လင့်ခ်တခုမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သူမနေအိမ်မှာပဲ နေအိမ်အကျယ်ချုပ်အဖြစ် ထားရှိကြောင်း ၊ သူမရဲ့ ကျန်း မာရေးကောင်းမွန်ကြောင်း နဲ့ မကြာခင်ရက်ပိုင်းအတွင်း တရားရုံးမှာ အမှုရင်ဆိုင်ဖို့ရှိနေကြောင်း မင်းအောင်လှိုင်ဖြေကြားခဲ့တာကို ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ရဲ့ ပထမဆုံးရုပ်မြင်သံကြားအင်တာဗျူး
မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တရားရုံးလာရောက် အမှုရင်ဆိုင်မယ်လို့ မင်းအောင်လှိုင်ကပြောကြားသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးမေးမြန်းရာမှာတော့

“အတိုချုပ်ပြောရမယ်ဆိုရင်တော့ သူမ တတ်နိုင်တာတွေအားလုံးလုပ်ခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်
ချထားပြီးနောက်ပိုင်း ပြည်သူတွေမြင်တွေ့ခွင့် မရတော့ပါဘူး။

လာမယ့်တနင်္လာနေ့မှာတော့ သူမကိုစွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး သူမကိုယ်တိုင် တရားရုံးလာရောက်အမှုရင်ဆိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Unicode