News

သားတိုက်ပွဲကျသွားရင်လည်း အမေဘာမှအားငယ်စရာမလိုဘူးဆိုပြီး မကျဆုံးခင်အချိန်မှာ နောက်ဆုံးမှာခဲ့တဲ့သူရဲကောင်းလေးရဲ့ရင်နင့်ဖွယ်စကား

သားတိုက်ပွဲကျသွားရင်လည်း အမေဘာမှအားငယ်စရာမလိုဘူးဆိုပြီး မကျဆုံးခင်အချိန်မှာ နောက်ဆုံးမှာခဲ့တဲ့သူရဲကောင်းလေးရဲ့ရင်နင့်ဖွယ်စကား

 

လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း အယောက် (၈၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။ဒါ့ကြောင့်လည်း လူငယ်တွေက သူရဲကောင်းတွေအသက်ပေးရတာနဲ့တန်အောင်လို့ ဒီမိုကရေစီကို အရယူပေးနေကြတာဖြစ်ပါတယ်။

 

 

အခုချိန်မှာဆိုရင် လူငယ်တွေအကုန်လုံးက ရဲစွမ်းသတ္တိအပြည့်ရှိကြပြီး အရာရာကိုထိပ်တိုက်ရင်ဆိုင်ရင်း ရှေ့သို့ဆက်လက်လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။အသက်ပေးသွားရတဲ့သူ ရဲကောင်းတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်လေးတွေကအစပါဝင်နေလို့ တချို့မိသားစုတွေလည်း ရင်ကွဲစရာအ ဖြစ်တွေကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

 

 

မတ်လ(၁၄)ရက်နေ့က ကျဆုံးသွားတဲ့လူငယ်လေးတစ်ဦးဆိုရင် အသက်(၁၇)နှစ်အရွယ်ပဲရှိသေးပြီး လူထုလှုပ်ရှားမှုမှာ နေ့တိုင် းပါဝင်ခဲ့တာဖြစ်ပါတယ်။သူရဲကောင်းလေးရဲ့နာမည်က မောင်အောင်နိုင်ဝင်းဖြစ်ပြီး မဆုံးခင်ပထမရက်မှာ လူထုလှုပ်ရှားမှုကို အစ်မဖြစ်သူနဲ့အတူသွားတာဖြစ်ပါတယ်။

သူကျဆုံးမယ့်နေ့မှာတော့ အစ်မဖြစ်သူထက် အိမ်ကအရင်ထွ က်သွားခဲ့ပြီး သူ့ကိုဖုန်းဆက်တော့လည်းဖုန်းမကိုင်တာကြောင့် မောင်နှမနှစ်ယောက်က တစ်နေရာစီဖြစ်သွားခဲ့တာဖြစ်ပါတယ်။မောင်အောင်နိုင်ဝင်းကတော့ အစ်မဆီက အင်္ကျီလေးတစ်ထည်ငှါးကာ သေသွားခဲ့ရင်တောင်လှနေမှဖြစ်မယ်ဆိုပြီး စနောက်နေခဲ့တာဖြစ်ပါတယ်။

 

သူရဲကောင်းလေးကတော့ မိခင်ကိုလည်း “အမေရေ သားပြန်မလာရင် မငိုနဲ့နော် သားတိုက်ပွဲကျသွားရင်လည်းအမေအားငယ်စရာမလိုဘူး အမေ့နားမှာသားတစ်ချိန်လုံးရှိနေမှာ အိမ်မှာနေထ မင်းကိုမှန်မှန်စား ကျန်းမာရေးလည်းဂရုစိုက် ထမင်းစားဖို့လိုက်ခေါ်မနေရစေနဲ့ အလှူရှင်တွေလာလို့လှူခဲ့သည်ရှိသော် အဲ့ပိုက်ဆံတွေအားလုံးကိုCDMလုပ်နေတဲ့ဝန်ထမ်းတွေကိုလှူနော် အမေပိုက်ဆံနဲ့ပဲ သားရဲ့နောက်ဆုံးခရီးကိုစီစဉ်ပေးပါ အရေးတော်ပုံအောင်မှဖြစ်မယ်အမေရေ သားသွားလိုက်ဦးမယ်”ဆိုပြီး မှာခဲ့သေးတာဖြစ်ပါတယ်။မိဘနဲ့သားသမီးတွေကြား သေကွဲခွဲခဲ့တဲ့ လက်ရှိအခြေအနေကြီးကို မြန်မြန်အဆုံးသတ်ပါစေလို့ ဆုတေ ာင်းရင်း ဒီအကြောင်းအရာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer