Feature

ရင်ဘတ်ပေါ်တွင် ချစ်ရသူ၏ နာမည်နှင့် မွေးနေ့အား တက်တူးထိုးခဲ့ပြီး လမ်းခွဲပြီးနောက် အုတ်ဂူပုံအစားထိုးခဲ့သော ကောင်လေး

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

လူတိုင်းက မိမိချစ်ရသူများနှင့် ဆုံတွေ့ရသည့်အခါ တစ်သက်လုံး မခွဲပူးဟု ယုံကြည်ကြပြီး အမှတ်တရအနေနှင့် တက်တူးများ ထိုးတတ်ကြပြီး ကောင်မလေးအား အချစ်တွေပိုစေဖို့ ယုံကြည်အောင် တက်တူးထိုးပြတာမျိုးလည်း ရှိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦးသည် သူ၏ ချစ်သူကောင်မလေးအား ချစ်မြတ်နိုးလွန်းသောကြောင့် ရင်ဘတ်ညာဖက်ခြမ်းပေါ်တွင် “My Princess” ချစ်သူမိန်းကလေးနာမည်နှင့်အတူ မွေးနေ့လေးကို သေရာပါ အမှတ်အသားတစ်ခုအဖြစ် တက်တူးဆိုင်သို့ သွားရောက်၍ ထိုးခဲ့သည်။

တက်တူးထိုးပြီးနောက် မကြာမီ ကောင်လေးမှာ ချစ်သူမိန်းကလေးနှင့် အဆင်မပြေဖြစ်ကာ ရန်ဖြစ်စကားများကြပြီး မထင်မှတ်ပဲ လမ်းခွဲပြတ်စဲခဲ့ကြသည်။

ကောင်လေးက သူတို့နှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ခဲ့ကြ၍ ယခုချိန်ထိ သူမအား မမေ့နိုင်ပဲဖြစ်ရကာ နေ့စဉ်ဝမ်းနည်းပူဆွေးနေရသည်ဟု ဆိုသည်။

ထို့နောက် ကောင်လေးသည် သူတို့ဇာတ်လမ်းလေးအား မေ့ဖျောက်ရန် အရင်ထိုးထားသည့် ချစ်သူဟောင်းနှင့် ပက်သက်သမျှ အရာကို ဖုံးပစ်လိုက်မှသာ မြန်မြန်မေ့နိုင်မည်ဟု ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။

ထို့ကြောင့် ကောင်လေးသည် အရင်ထိုးခဲ့သော တက်တူးဆိုင်သို့ သွားရောက်၍ သူ၏ရင်ဘတ်ပေါ်က တက်တူးနေရာတွင် အုတ်ဂူတစ်ခုအား အစားထိုး ထိုးပစ်လိုက်ခြင်းဖြစ်သည်။

Credit-Hlaing (Love Feeling )

Unicode