Celebrity News News

ရွှေပြည်သာမြို့နယ်မှာရှိတဲ့ အိမ်ထောင်စု (၂၀၀)စာအတွက် လိုအပ်တဲ့စားသောက်ကုန်များသွားရောက်လှူဒါန်းခဲ့တဲ့ ကိုရန်လေး

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

ပြည်သူချစ်အနုပညာရှင် ဝါရင့်သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ ရန်အောင်ကတော့ အနုပညာနယ်ပယ်မှာ အချိန်အတော်ကြာ အောင်မြင်စွာ ရပ်တည်နေတဲ့ မင်းသားကြီး တစ်ယောက်ပဲဖြစ်ပါတယ်။

ယနေ့ အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ် ကိုင်လျက်ရှိနေပြီး မွေးမိခင်ကိုလည်း လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေး သဘောကျမှုကို အခိုင်အမာ ရရှိထားတာဆိုလည်း မမှားပါဘူးနော်။

ရန်အောင်ဟာ ဗီဒီယိုဇာတ်ကားတွေ အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ အကောင်းဆုံး သရုပ်ဆောင် ရိုက်ကူးနိုင်တာကြောင့် အကယ် ဒမီထူးချွန်ဆုတွေကိုပါ သိမ်းပိုက်ရရှိထားတာ ပဲဖြစ်ပါတယ်။

လူတိုင်းအပေါ်လည်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တဲ့ အပြင် အလှူအတန်းတွေဆိုရင်လည်း ရှေ့ဆုံးကနေ ပါဝင် လှူဒါန်းတတ်သူတစ်ယောက် လည်းဖြစ်တာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတာ ပါ ။

အခုလည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ မွန်မြတ်တဲ့ အလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ရွှေပြည်သာ မြို့နယ်အတွင်းက အိမ်ထောင်စု (၂၀၀) စာအတွက် အခြေခံစာသောက်ကုန်များကို ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးခဲ့ပါတယ်။

ခုလိုကာလမှာ လှူဒါန်းရလို့ ပီတိဖြစ်မိတယ်လို့လည်း ဖော်ပြထား ပါသေးတယ် ။ ပရိသတ်ကြီးအတွက် ရန်အောင်ရဲ့ စုပေါင်း အလှူပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone

Photo – Yan Aung

Unicode