Celebrity News

အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက် စား သောက်ကုန်နဲ့ အဝတ်အထည်တွေကို လှူဒါန်း ကုသိုလ်ပြုခဲ့တဲ့ ရေဗက္ကာဝင်း

အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက် စား သောက်ကုန်နဲ့ အဝတ်အထည်တွေကို လှူဒါန်း ကုသိုလ်ပြုခဲ့တဲ့ ရေဗက္ကာဝင်း

အမျိုးသမီး တေးသံရှင်တစ်ဦး ဖြစ်တဲ့ ရေဗက္ကာဝင်းကတော့ အသံပါဝါ အားကောင်းကောင်းနဲ့ တေးသီချင်းတွေများစွာကို သီဆိုထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ရေဗက္ကာဝင်းက မြန်မာ့အ ရေးနဲ့ ပက်သက်ပြီးတော့လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာမို့ အမှန်တရားဘက်ကနေအားလုံးနဲ့ တစ်သား တည်း ရပ်တည်နေတာ ဖြစ်ပါတယ်။

 

 

ဒါ့အပြင် လူထုလှုပ်ရှားမှုတွေမှာ အား တက်သရော ပူးပေါင်းပါဝင်ကာ လမ်းမထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားရင်း ပြည်သူတွေ အတွက် အစားအသောက်တွေကို အိမ်မှာကိုယ်တိုင် ချက်ပြုတ် ပြင်ဆင်ကာ အလှူ အတန်းတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

 

 

အရင်ရက်ပိုင်းကဆိုရင်လည်း စေတနာအလှူရှင်များနဲ့ ပူးပေါင်းကာ မိဘမဲ့ဂေဟာနဲ့ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေဆီကို စားသောက်ကုန်တွေ လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ အစားအသောက်အချို့နဲ့ အဝတ်အထည်တွေကို မြစ်ကြီးနားထံ လှူဒါန်းပေးအပ်ခဲ့ကြောင်းကို ”

 

 

ဒီနေ့ ကုသိုလ်ဒါနအဖြစ် လိုအပ်နေတဲ့ ပြည်သူများအတွက် Nestle Myanmar နဲ့ အတူ Maggi စွယ်စုံသုံးဟင် းခတ်မှုန့် အဝတ်အထည်စုစုပေါင်း ၂၀၀ကို အနုပညာပိုးသ ဘက်Shingni Nbat (မြစ်ကြီးနား)ထံ လှူဒါန်းပေးအပ်ခဲ့ပါတယ်ရှင်?

“ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်တွင် မျှဝေပေးလာတာ ဖြစ်ပါတယ်။အခုလို ပြည်သူတွေ အဆင်မပြေနေတဲ့ အချိန်မှာ တတ်နိုင်သလောက် ကူညီလှူ ဒါန်းပေးနေကြောင့် ပရိ သတ်တွေက ကြည်နူးပီတိဖြစ်ကာ ဝမ်းသာနေကြတာကိုလည်း တွေ့ရပါတယ်။

crd#original writer