News

NLD ပါတီ ဖျ က် သိ မ်း မယ့် အစီအစဉ်ဟာ မအလနေရာ စစ်တပ်အာဏာ တည်မြဲရေးဟု ဒေါက်တာဆာဆာ ဝေဖန်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွ ပ် စွဲ ချက်နဲ့ ဖျ က် သိ မ်း ပ စ် နိုင်ခြေရှိနေတယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဒါဟာ စစ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို နှစ်ရှည်လများ အုပ်ချုပ်နိုင်ဖို့..





လုပ်နေတာ ဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ ပြောခွင့်ရဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားလိုက်ပါတယ်။စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က NLD ကို ရွေးကောက်ပွဲ..

ဝင်ခွင့် ပိ တ် ပ င်ကြောင်း ကြေညာချက်ဟာ လူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်အုပ်ချုပ်မှု သက်တမ်းရှည်အောင် ဒီမိုကရေစီကို ပြောင်ပြောင်တင်းတင်း ချို း ဖော က်နေတာ ဖြစ်ကြောင်း ဒေါက်တာဆာဆာက ရိုက်တာမေးမြန်းချက်ကို အီးမေးလ် ကနေ ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။..





နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွ က် NLD ကို ဖျ က် သိ မ်း မလား၊ မဲ မ သ မာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား ဆိုတာ စဉ်းစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နေပြည်တော်မှာ သော ကြာနေ့ကကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ..

ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ စစ်ကောင် စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြားခဲ့ပါတယ်။နိုင်ငံတဝှမ်းက NLD ပါတီရုံးတွေကို ဝင်ရောက်ရှာဖွေတာ၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူတာတွေ ရှိနေပေမဲ့ ပါတီရုံးတွေ…





ပိ တ် သိ မ်း ပ စ်တာမျိုးတော့ မရှိသေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက နိုင်ငံတော်အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါ အဝင် NLD ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးထားတာ ဖြစ်ပြီး ပါတီဝင် အတော်များများကတော့…

ထွက်ပြေးတိမ်းရှောင် နေရတာပါ။ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာရယူရာမှာ အဓိက အကြောင်း ပြချက်က ရွေးကောက်ပွဲအတွင်း မဲ မ သ မာ မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းကရော NLD ကပါ ဒီအကြောင်းပြချက်ကို လက်မခံကြပါဘူး။ စစ်တပ်ကတော့ ၂ နှစ်အတွင်း ရွေးကောက်ပွဲ အသစ် ကျင်းပပေးမယ်လို့ ကတိပေးထားပါတယ်။…





ယူနီကုဒ်ဖြင့် ဖတ်ရန်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွ ပ် စွဲ ချက်နဲ့ ဖျ က် သိ မ်း ပ စ် နိုင်ခြေရှိနေတယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဒါဟာ စစ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို နှစ်ရှည်လများ အုပ်ချုပ်နိုင်ဖို့..

လုပ်နေတာ ဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ ပြောခွင့်ရဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားလိုက်ပါတယ်။စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က NLD ကို ရွေးကောက်ပွဲ..

ဝင်ခွင့် ပိ တ် ပ င်ကြောင်း ကြေညာချက်ဟာ လူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်အုပ်ချုပ်မှု သက်တမ်းရှည်အောင် ဒီမိုကရေစီကို ပြောင်ပြောင်တင်းတင်း ချို း ဖော က်နေတာ ဖြစ်ကြောင်း ဒေါက်တာဆာဆာက ရိုက်တာမေးမြန်းချက်ကို အီးမေးလ် ကနေ ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။..

နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွ က် NLD ကို ဖျ က် သိ မ်း မလား၊ မဲ မ သ မာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား ဆိုတာ စဉ်းစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နေပြည်တော်မှာ သော ကြာနေ့ကကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ..

ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ စစ်ကောင် စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြားခဲ့ပါတယ်။နိုင်ငံတဝှမ်းက NLD ပါတီရုံးတွေကို ဝင်ရောက်ရှာဖွေတာ၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူတာတွေ ရှိနေပေမဲ့ ပါတီရုံးတွေ…

ပိ တ် သိ မ်း ပ စ်တာမျိုးတော့ မရှိသေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက နိုင်ငံတော်အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါ အဝင် NLD ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးထားတာ ဖြစ်ပြီး ပါတီဝင် အတော်များများကတော့…

ထွက်ပြေးတိမ်းရှောင် နေရတာပါ။ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာရယူရာမှာ အဓိက အကြောင်း ပြချက်က ရွေးကောက်ပွဲအတွင်း မဲ မ သ မာ မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းကရော NLD ကပါ ဒီအကြောင်းပြချက်ကို လက်မခံကြပါဘူး။ စစ်တပ်ကတော့ ၂ နှစ်အတွင်း ရွေးကောက်ပွဲ အသစ် ကျင်းပပေးမယ်လို့ ကတိပေးထားပါတယ်။