Celebrity News

ဖခင်အရင်းဖြစ်သူက ကလေးကိုကောက်ရတယ်လို့လိမ်ညာပြီးသူမရဲ့ဂေဟာကိုလာပေးခဲ့တဲ့နောက်ကွယ်က အဖြစ်မှန်ကို ပြောပြခဲ့တဲ့ ခိုင်နှင်းဝေ

ပရိတ်သတ်ကြီးရေ..သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေ ဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကို အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ခိုင်နှင်းဝေ က ခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးခြေအနေတွေကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို သူမတတ်နိုင်သလောက် လှူဒါန်းနေတာပဲဖြစ်ပါတယ်နော်.။ဒီလိုခက်ခဲနေတဲ့ကာလမှာတောင် ခိုကိုးရာမဲ့နေတဲ့ ရင်သွေးငယ်လေးတွေကို ခေါ်ယူ စောင့်ရှောက်ပေးပြီး သူတို့လေးတွေကို အစစအရာရာဂရုစိုက်ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစားစွာနဲ့တွေ့မြင်ရတာပဲဖြစ်ပါတယ်…။

မနေ့ညက လှည်းတန်းဂုံးတံတားအောက်တွင် စွန့်ပစ်ခံ ထားရတဲ့ (၂) လအရွယ် သမီးလေးကို အမျိုးသား တစ်ဦး မှဂေဟာသို့ လာပို့ပေးခဲ့တဲ့အကြောင်းကို ခိုင်နှင်းဝေ ရဲ့ လူမှုကွန်ယက် တွင် တင်ထားတာ ဖြစ်ပါတယ်။ ကလေးက အရမ်းငိုနေတာေ ကြာင့် လတ်တလော ခေါ်ယူစောင့်ရှောက်ထားပြီး စုံစမ်းစရာရှိတာများ စုံစမ်းစစ်ဆေးမယ့်အကြောင်းကိုလည်း ရေး သားထားတာ ဖြစ်ပါတယ်…။

မကြာသေးခင် နာရီပိုင်းလောက် ကတော့ ဒီကလေး နဲ့ပတ်သက်တဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်များကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ ဖခင်ဖြစ် သူမှ ကောက်ရတယ်ဆိုပြီး ကလေးကို ဂေဟာသို့ လာပို့ခဲ့တာဖြ စ်ပြီး ဒီနေ့ အမေအ ရင်းက ငိုယိုပြီးလိုက်လာပြီး အကြောင်းရင်းတွေကို ပြောပြလာတာ ဖြစ်ပါတယ်…။

” ဒီ သမီးလေး အမေ အရင်း လိုက်လာ ပါတယ်ရှင်..အဖေ အရင်းက ကောက် ရတယ်ဆိုပြီး လာအပ်ပေမဲ့ အမေက မသိဘဲ ကျွန်မတို့ဂေဟာ ရောက်နေတယ်ဆိုတာ သိလို့ ငိုယိုပြီး လိုက်လာတာဖြစ်ပါတယ်…ပထမ အိမ်ထောင် နဲ့ ဒုတိယ အိမ်ထောင် ဇယား အရှုပ်ကြားထဲ သမီး မိန်းကလေးကို ယခုလို နောက် တစ်ကြိမ် မစွန့်ပစ်အောင် (ပုံတွေ မတင်ချင်ပေမဲ့) အနည်းငယ် အသိပေးခြင်းြ ဖစ်ပါတယ်..မနေ့က ကလေးကို မသမာသူတွေ လက်ထဲ ရောက်မှာဆိုးလို့ လက်ခံထားပြီး မသင်္ကာလို့ စုံစမ်းမှုတွေ လုပ်ရင်း အဖြစ်မှန် ပေါ်လာတဲ့ အတွက် မိခင် အရင်း လက်ထဲကို ပြန်ထည့် ပေးလိုက်ပါတယ်ရှင်…။

မိခင်ကောင်း ပီသတဲ့အမျိုးသမီးကတော့ သူ့ကလေး ပြန်ရလို့ ပျော်နေရှာပါတယ်..ကလေးကို တွေ့တွေ့ချင်း ကျွန်မ သမီးလေးကို နို့တိုက် ပါရစေလို့ ခွင့်တောင်းပြီး ငိုနေရှာပါတယ်.အိမ်ထောင်ရေး ကိစ္စတွေ ကျွန်မတို့နဲ့ မဆိုင်လို့ မပြောတော့ဘဲ မိခင်တစ်ယောက်ကို ကိုယ်ချင်းစာလို့ သမီးလေးကို မိခင်လက်ထဲ ပြန်အပ်ပေး ခဲ့ပါတယ်ရှင်…

(မျက်နှာတွေ မအုပ်ဘဲ တင်ရခြင်းမှာ နောက်နောင် မလုပ်ရဲအောင် ကလေးအ တွက် စဉ်းစားပြီး တင်ရခြင်း ဖြစ်ပါတယ်…အမှု အခင်းထိ ဖြစ်အောင် မလုပ်တော့ဘဲ အနီးကပ် စောင့်ကြည့်ေ နမည် ဖြစ်ကြောင်း ပြောပြီး လက်မှတ်များ ၊သက်သေများ ယူထား လိုက်ပါတယ်ရှင်)” ဆိုပြီး ရေးသားထား တာ ဖြစ်ပါတယ်။ မိခင်နဲ့ကလေးအခုလို ပြန်လည်ဆုံဆ ည်းခွင့်ရတဲ့အတွက်မု ဒိတာပွားရပါတယ်။ ခိုင်နှ င်းဝေလည်း ပရဟိတအလုပ်တွေကို ဒီ့ထက်မက လုပ်ေ ဆာင်နိုင်ပါစေလို့လည်းဆုတော င်းပေးလိုက်ရပါတယ်နော်…။

Source;Khine Hnin Wai’s Facebook Page

Credit