News

ခန္တီးရတနာနယ်မြေ၊နမ်စီပွန်တွင် စစ်ကောင်စီတပ်များနှင့် KIAတို့ရဲ့တိုက်ပွဲဖြစ်ပေါ်နေမှုမြင်ကွင်းများ

ခန္တီးရတနာနယ်မြေ၊နမ်စီပွန်တွင် စစ်ကောင်စီတပ်များနှင့် KIAတို့ရဲ့တိုက်ပွဲဖြစ်ပေါ်နေမှုမြင်ကွင်းများ

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်ကြေ ာင့် တိုက်ပွဲတွေဖြစ်ပေါ်ကာ တစ်ဖက်နဲ့တစ်ဖက်အခြေအနေပြင်းထန်နေတာဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းမှာလည်း မြင်းခြံ၊မင်းတပ်နဲ့ ဒီမောဆို့မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကေ ာင်စီတပ်ဖွဲ့၀င်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက်ထိခိုက်ကျဆုံးမှုတွေများပြားလာနေတာကို တွေ့ရပါတယ်။

 

 

ယနေ့ မေလ (၂၂)ရက်နေ့မှာလဲ စစ်ကိုင်းတိုင်း၊ခန္တီးရတနာနယ်မြေ၊နမ်စီပွန်မှာ စစ်ကောင်စီတပ်တွေနဲ့ KIAတို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ယနေ့မနက် (၄)နာရီအချိန်ကစတင်ကာ KIAဘက်ကနေ ခန္တီးရတနာနယ်မြေ ကျောက်စိမ်းမှော်ရှိ စစ်ကောင်စီစစ်သားမျ ားနဲ့ ရဲများရှိရာ တပ်စခန်းများကို၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Kachin News Groupမှာ ရေးသားထားတာတွေ့ရပါတယ်…..။

 

 

အခုလိုမျိုး စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထေ ာင်နိုင်ဖို့အတွက် ပြည်သူတွေဟာ အသက်ကိုတောင် ပဓာနမထားတော့ပဲ အာဏာရှင်စနစ်ကို အမြစ်ပါမကျန်အောင်တော်လှ န်နေကြတာဖြစ်ပါတယ်။

 

 

ပေးဆပ်ရတဲ့အသက်‌အိုးအိမ်စည်းစိမ်တွေဟာလည်း တစ်ဆထက်တစ်ဆများပြားလာနေပြီဖြစ်တာကြောင့် မြန်မာပြည်ကြီးလည်း အမြန်‌ဆုံးငြိမ်းချမ်း‌ဖို့ဆုတောင်းပေးလိုက်ပါတယ်နော်။

crd#original writer