Celebrity News

မိခင်ဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် ပူဆွေးသောကတွေနဲ့ ယူကြုံးမရဝမ်းနည်းနေရတဲ့ နဝရတ်

မိခင်ဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် ပူဆွေးသောကတွေနဲ့ ယူကြုံးမရဝမ်းနည်းနေရတဲ့ နဝရတ်

သဘာဝကျတဲ့ သရုပ်ဆောင်ဟန်ပန်တွေနဲ့ ပွင့်လင်းတာတွေကြောင့် ဇာတ်ကားတွေများစွာရိုက်ကူးကာ ပရိသတ်အခိုင်အ မာရရှိထားတဲ့ မင်းသမီးချော နဝရတ်ကတော့ လတ်တလောမှာ စိတ်မကောင်းစရာတွေနဲ့ ကြုံတွေ့ခံစားနေရပါတယ်..။

 

 

နဝရတ်ကတော့ သူမရဲ့မိခင်ဖြစ်သူ သရုပ်ဆောင်အေးမြစိမ်းဟာ ဒီကနေ့ မေလ(၂၁)ရက်နေ့မှာပဲ ကွယ်လွန်ဆုံးပါးသွားတဲ့အတွက် စိတ်ထိခိုက်ခံစားနေရတာပဲ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျရောက်ခဲ့တဲ့ အမေများနေ့မှာလည်း ဂုဏ်ပြုစကားဆိုရင်း မိခင်ဖြစ်သူကို အမြန်ဆုံးနေကောင်းကျန်းမာစေချင်တဲ့အကြောင်းကိုလည်း နဝရတ်က ပြောပြထားပါသေးတယ်..။

 

 

ဒီကနေ့မှာတော့ ဆုတောင်းတွေ မပြည့်ဝဘဲ မိခင်ကြီးကွယ်လွန်ဆုံးပါးသွားတဲ့အတွက် ပူဆွေးသောကတွေနဲ့ ယူကြုံးမရဝမ်း နည်းနေရပြီး နောက်ဆုံးအချိန်ထိ အနားမှာရှိပေးနေတာလည်း တွေ့ရပါတယ်..။

 

 

“မေကြီး..ကောင်းရာသုဂတိလားပါစေ ???21.5.2021..” ဆိုပြီး မိခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်လေးမှာ ဝမ်းနည်းပူဆွေးနေရတဲ့ ပုံရိပ်လေးတွေ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်..။

နဝရတ်ရဲ့မိခင်ကြီး ကွယ်လွန်ဆုံးပါးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိလားစေဖို့ ပြ ည်သူတွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်..။

crd#original writer