News

ဘဝနဲ့ရင်းပြီးရလာတဲ့ သင်ခန်းစာတွေကို ပြောပြထားတဲ့စစ်ဘေးရှောင်လူငယ်တစ်ဦးရဲ့ ရင်ဖွင့်စကားကြောင့် ပြည်သူတွေပါ မျက်ရည်ဝဲခဲ့ရ

ဘဝနဲ့ရင်းပြီးရလာတဲ့ သင်ခန်းစာတွေကို ပြောပြထားတဲ့စစ်ဘေးရှောင်လူငယ်တစ်ဦးရဲ့ ရင်ဖွင့်စကားကြောင့် ပြည်သူတွေပါ မျက်ရည်ဝဲခဲ့ရတဲ့ အဖြစ်

 

ဖေဖော်ဝါရီလ (၁) ရက်နေ့စတင်ပြီး ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် ပြည်သူတွေအားလုံး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့လာရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချို့ နေရာတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် လူကြီး လူငယ်၊ ကျားမ မရွေး ဘေးလွတ်ရာကိုအသီး သီး ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

အခုလည်း ချင်းပြည်နယ်မှာ စစ်ဘေးရှောင်နေရတဲ့ လူငယ်တစ်ဦးရဲ့ ရင်ဖွင့်စကားသံတွေက ပြည်သူတွေဆီကို ပျံ့နှံ့လာတာဖြစ် ပါတယ်။ အဲ့ဒီ လူငယ်လေးက တောထဲမှာ စစ်ဘေးရှောင်ရင်းနဲ့ အဆင်ပြေသလို နေထိုင်စားသောက်နေရတဲ့ သူတို့ရဲ့ အခြေအ နေတွေကို လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် ရင်ဖွင့်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အရင်ကဆိုရင် ကောင်းတာကိုမှ စားတတ် နေတတ်တဲ့ သူတို့လိုလူငယ်တွေက အခုတော့ တောထဲမှာရှိတာတွေနဲ့ပဲ ဝမ်းပြည့်အောင် စားနေရကြောင်း ပြောထားတာ ဖြစ်ပါတယ်။ ဒီလိုအ ခြေအနေမှာ ဒီအစားအသောက်တွေက ဘုရားပေးတဲ့ သဘာဝလက်ဆောင်တွေပါပဲ ဆိုပြီးလည်း ပြောထားပါသေးတယ်။

အားတင်းကာ ရှေ့ဆက်ရင်းနဲ့ပဲ ငှက်ပျောအူဟင်းက သူတို့အ တွက်တော့ ကြက်သားဟင်း ထက်တောင် ပိုကောင်းလာတယ်ဆိုပြီး ထင်လာကြတာလည်း ဖြစ်ပါတယ်။ အရင်က ခြေထောက်ညစ်ပတ်အောင် မနေဘဲ Lotion မျိုးစုံလိမ်းတဲ့ လူငယ်လေးတွေက အခုတော့ ပြေးလွှားရလွန်းလို့ ခြေထောက်တွေလည်း ညစ်ပေနေရှာပြီ ဖြစ်ပါတယ်နော်။

 

လူ့ဘဝမှာ ဘာအရေးကြီးလဲဆိုတာ ပိုသိလာပြီ ဆိုပြီး ရင်ဖွင့်ထားတဲ့ စစ်ဘေးရှောင် လူငယ်လေးရဲ့ စာကိုဖတ်ရင်း ပြည်သူတွေလည်း စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။Crd