Celebrity News

တော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ အကူအညီလိုအပ်နေသူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ မီးနို

တော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ အကူအညီလိုအပ်နေသူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ မီးနို

ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ တေးသံရှင်မလေး မီးနိုဟာ တော်လှန်ရေး ကာလမှာ သူမတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူ ညီပြီး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုလည်း မကြာခဏသလို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်နေသူလေး တစ်ယေ ာက်ပဲ ဖြစ်ပါတယ်။

 

 

မီးနိုဟာ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကဆိုရင်လည်း သူမရဲ့ဖေ့ဘွတ်ပေ့မှာ ကောက်ခံရရှိတဲ့ အလှူ ငွေလေးတွေနဲ့ အိမ်ခြေ ၄၀၀ ကျော်အတွက် လိုအပ်တာလေးတွေ သွားရောက်လှူဒါန်းဖြစ်တဲ့ အကြောင်းလေးကို တင်ပေးလာခဲ့ပါတယ်။

 

 

မီးနိုဟာ “မနေ့က မီးနို အိမ်ခြေ ၄၀၀ ကို အခြေခံစားသောက် ကုန် ဆန်၊ ကြက်ဥ၊ ကြက်သွန်တွေ သွားရောက်လှူတန်းခဲ့ပါတယ်..တော်လှန်ရေး မှာ အသက်ပေးသွားရတဲ့ သူရဲကောင်းအိမ်တွေကိုလည်း သွားရောက်ကူညီအားပေးခဲ့ပါတယ်..။

 

 

အခုလို ကူညီပေးကြတဲ့ အလှူရှင်တွေရော အစစအရာရာပင်ပင်ပန်းပန်းလိုက်ကူညီပေးတဲ့ မီးနိုသူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်..ကိုအေးချမ်းမိုးတိမ်စုပေါင်းအလှု ၈ သိန်း ခွဲစင်ကာပူမှ သူငယ် ချင်းများမှ ၅သိန်း နွေပရဟိတလူငယ် တွေ များမှ ၃ သိန်း ပြည်သူများမှာအလှူတွေနဲ့လည်းစုပေါင်းပါဝင်ထားပါတယ်..

 

 

မီးနိုတို့ ဒီရက်ပိုင်းထဲမှာပဲ လိုအပ်နေတဲ့ ဝန်ထမ်းမိသားစုအပြင် မီးနို Facebook Page မှာ လာပြောတဲ့ တကယ်လိုအပ်နေတဲ့ မိသားစု တစ်ချို့ကိုလည်း အိမ်တိုင်ရာရောက်သွားလှူဖြ စ်ခဲ့ပါသေးတယ်..” လို့ သူမရဲ့ဖေ့ဘွတ်ပေ့မှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

အခုလို မွန်မြတ်လှတဲ့စိတ်ထားလေးနဲ့ တကယ်အခက်အခဲဖြစ်နေသူတွေကို တတ်နိုင်သလောက် သွားရောက်လှူဒါန်းပေးတဲ့ မီ းနိုရဲ့အလှူလေးကတော့ ဝမ်းမြောက်ပီတိဖြစ်စရာပါပဲ။အဖြူရောင်စိတ်ဓာတ်ပိုင်ရှင်လေး မီးနိုတင်ပေးထားတဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

crd#original writer