Celebrity News News

ရှမ်ပြည်မှ စစ်ဘေးရှောင်ပြည်သူတွေကို သွားလှူရင်း တိုက်ပွဲဖြစ်တဲ့လမ်းမှာ ကြုံတွေ့ခဲ့ရသော အမှတ်တရတွေကို ပြောပြလာတဲ့ အိစိကွေး

ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲအမှတ်တရရှိနေသူကတော့ သရုပ်ဆောင် အိစိကွေးပဲဖြစ်ပါတယ်။ သူကတော့ အနုပညာလှုပ်ရှားမှုတွေအပြင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းတစ်ခုလည်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူငယ်လေးတစ်ဦး ဖြစ်ပါတယ်။

 

ကိုယ်တိုင်ရှာဖွေထားတဲ့ ချွေးနည်းစာများဖြင့်လည်း တတ်နိုင်သလောက် လှူဒါန်းနေတာကိုလည်း ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

 

အိစိကွေးတစ်ယောက် ပြီးခဲ့တဲ့ ဧပြီလလောက်တုန်းက ရှမ်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်စုပေါင်းလှူဒါန်းထားတဲ့ ပစ္စည်းတွေကို ခက်ခက်ခဲခဲ သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

 

သူကတော့ အလှူငွေအများကြီး မတတ်နိုင်တဲ့အတွက် လုပ်အားဒါနဖြင့် ကုသိုလ်ယူ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေကြလမ်းမှာလည်း တွေ့ကြုံခဲ့ရတဲ့ အမှတ်တရတွေကိုလည်း မကြာသေးခင် နာရီပိုင်းလောက်က အိစိကွေးရဲ့ လူမှုကွန်ယက်တွင် အခုလိုပြောပြထားတာ ဖြစ်ပါတယ်။

 

၄ လပိုင်းက ရှမ်းပြည် စစ်ဘေးရှောင် ပြည်သူတွေကို သွားလှူခဲ့ပါတယ်။ အဲ့တုန်းက ကိုယ်တိုင် အလှူငွေ အများကြီး မတတ်နိုင်လို့ လုပ်အား နဲ့ ပါဝင်ခဲ့ပါတယ်။

 

တိုက်ပွဲဖြစ်နေကြ လမ်းမှာလည်း ကားဘီးတွေပေါက် အမြန်ပြင် အမြန် သွားနဲ့ တကယ်လည်း အမှတ်တရပါပဲ။ ဒီလထဲမှာ ရွှေဘို စျေးအတွက်လည်း လှူဖို့ ကြိုးစားနေပါတယ် တတ်နိုင်သလောက် ဝိုင်းလှူဒါန်းပေးကြပါဦးဗျ။အောက် မှာ ဝိုင်းပြီး အသေးစိတ် ကြည့်ပြီး လှူဒါန်းနိင်ပါတယ်။

ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အားလုံးခက်ခဲနေကြချိန်မှာ ပြည်သူအချင်းချင်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာကောင်းလှပါတယ်။ အိစိကွေးတစ်ယောက် ဒီ့ထက်မက အလှူအတန်းတွေ အမြဲလုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

credit