News

အချိန်မတန်သေးဘဲ ကြွေလွင့်သွားခဲ့ရတဲ့ ကလေးငယ်လေးရဲ့ စျာပနာကို ဝမ်းနည်းကြေကွဲစွာနဲ့လိုက်ပါပို့ဆောင်ပေးကြတဲ့ ဒေသခံပြည်သူမျာ:

လတ်တလောမှာဆိုရင်တော့ ချင်းပြည်နယ်က တိုင်းရင်းသားတွေလည်း မိမိတို့ရဲ့ဇာတိမြို့လေးမှာ အေးအေးချမ်းချမ်းမနေထိုင်ရဘဲ ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

     

ချင်းပြည်နယ် တီးတိန်မြို့နဲ့မင်းတပ်မြို့တို့မှာ ကျဆုံးသူရဲကောင်းတွေ ရှိလာခဲ့ပြီး မေလ(၁၉)ရက်နေ့ညနေ(၅)နာရီကျော်လောက်ကဆိုရင်လည်း လွယ်ဘွားလ်ရပ်ကွက်မှာ မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့ပြီး Tg. Lian Muan

Sangလို့ခေါ်တဲ့ အသက်(၁၀)နှစ်အရွယ်ကလေးငယ်ကတော့ နေရာမှာတင်လဲကျပြီး အသက်ဆုံးရှုံးသွားတာဖြစ်ပါတယ်။

အခုလိုမျိုး အနာဂတ်ရဲ့ကြယ်ပွင့်လေးဖြစ်တဲ့ Tg. Lian Muan Sang ခမျာ စောစီးစွာနဲ့ပဲ လူ့ဘောင်လောကထဲကထွက်ခွါသွားခဲ့ပြီဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကတော့ သားငယ်လေးကို ရုတ်တရက်

ဆုံးရှုံးလိုက်ရလို့ရင်ကွဲနေကြရတာဖြစ်ပါတယ်။

ဒီလိုကာလမှာ ပြည်သူလူထုလည်း မိမိတို့အသက်အန္တရာယ်လုံခြုံဖို့အတွက် သေချာဂရုစိုက်နေရတဲ့အချိန်ဖြစ်ပါတယ်။ဘာမှမသိနားမလည်သေးတဲ့ကလေးလေး

တွေကအစ လက်ရှိမှာအသက်ပေးနေရတာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။

#Crd