Celebrity News

အွန်လိုင်းကနေ ဈေးရောင်းသူတွေ အဆင်ပြေအောင် Follower ( 7 ) သိန်းကျော်ရှိတဲ့ သူရဲ့အကောင့်ကနေ ကူညီပေးခဲ့တဲ့ မေပန်းချီ

ပရိသတ်ကြီးရေ Model၊သရုပ်ဆောင် မေပန်းချီကတော့ ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။မေပန်းချီက စိတ်သဘောထားပြည့်ဝပြီး ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ကာ လူအချင်းချင်းပေါ်မှာလည်း ကူညီဖေးမပေးတတ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

မေပန်းချီကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ အနုပညာကိုလည်း အားပေးကြသလို စိတ်ထားလေးကိုပါ ချစ်နေကြတာဖြစ်ပါတယ်။ဒီလိုကာလမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လိုအပ်တဲ့နေရာတွေမှာလည်း တတ်နိုင်သလောက် ပါဝင်အားဖြည့်လှူဒါန်းနေတာလည်းတွေ့ရပါတယ်။

အခုလည်း အွန်လိုင်းမှာ ဈေးရောင်းချနေတဲ့ ပြည်သူများ အဆင်ပြေစေရန် အတွက် ဈေးရောင်းပို့စ်များကို Follower သိန်းကျော်ရှိတဲ့ သူရဲ့ အကောင့်ကနေပြီးတော့ ကူညီမှုတွေပေးခဲ့ပါတယ်။ သူရဲ့ ပိုစ့်အောက်မှာ ရောင်းလိုသမျှ ပစ္စည်းလေးတွေကို ဝင်မန့်ခိုင်းကာ ဝယ်သူများလည်း အဆင်ပြေပြေ ဝယ်ယူနိုင်အောင် ကူညီခဲ့တာလည်းဖြစ်ပါတယ်။

ဒီအေကြာင်းအရာနဲ့ ပတ်သက်ပြီး ” ဒီနေ့အကောင့်လေးပြန်ရတဲ့နေ့မှာ ဘာမှ မလုပ်ပေးနိုင်ရကောင်းလားလို့ စိတ်မကောင်းဖြစ်နေရမဲ့အတူတူ ဘာလုပ်ပေးနိုင်မလဲစဉ်းစားရင်း စိတ်ကူး ရလိုက်တာက ကျွန်မဒီပိုစ့်လေးအောက်မှာ ကြိုက်တဲ့သူများဈေးလာရောင်းလို့ရပါတယ် မန့်လေးတွေမှာ မိမိရောင်းတဲ့ ပစ္စည်းဘယ်အရာမဆို ကြော်ငြာလေးတွေဝင်လို့ရပါတယ် ကျွန်မကိုချစ်သော ခင်သော သူများလဲ cmt လေး လာမန့်ရင်းနဲ့ အကြိုက်လေးများတွေ့ရင်shopping  ထွက်လို့ရပါတယ် ကြိုက်တာရှိရင် ဝယ်သွားကြပါ ကျွန်မ လဲဝယ်မှာပါ Online shop page link လေးတွေပါ မန့်သွားရင် like လေးတွေလဲသေချာလုပ်ပေးပါ့မယ် ” ဆိုပြီးရေးသားဝေမျှခဲ့တာလည်းဖြစ်ပါတယ်။ 

Yuan – Cele Zone

Photo – May Panche