Celebrity News

သူရဲ့ နှလုံးသားထဲမှာ မြန်မာအတွက် နေရာအလွတ် အမြဲရှိပြီးသား လို့ဆိုကာ လွမ်းနေကြောင်း ပြောလာတဲ့ Sinon

သူရဲ့ နှလုံးသားထဲမှာ မြန်မာအတွက် နေရာအလွတ် အမြဲရှိပြီးသား လို့ဆိုကာ လွမ်းနေကြောင်း ပြောလာတဲ့ Sinon

Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော်ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လ ည်း အောင်မြင်နေသူတစ်ယောက်ပါ ။ Sinon က မြန်မာနိုင် ငံကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါ ချစ်ခင်ပြီး မကြာခ ဏဆိုသလို အလှူအတန်းတွေလည်းလုပ်တတ်ပါသေးတယ်။

 

 

လမ်းမှာတွေ့တဲ့ချို့တဲ့သူတွေကိုလည်း ကာလဒါနလေးတွေလုပ်တတ်တာကြောင့် ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။ စိတ်ထားဖြူစင်ပြီး အလုပ်ကြိုးစားသလို ပျော်ပျော်လည်းနေတတ်ပါသေးတယ်။ ဆယ်လက်မ ဒေါက်ဖိနပ်နဲ့ အလန်းစားပုံရိပ်တွေကတော့ Sinon ကို လူသိပိုများစေခဲ့တဲ့ အဓိကအ ကြောင်းအရင်းပါပဲ။

ဒါ့အပြင် ဖော်ရွေပြီး အပြောအဆိုချိုသာတဲ့အပြင် မြန်မာပြည်ကိုလည်းအရမ်းချစ်သူပါ။ ငယ်စဉ်ကတည်းက အိမ်ယာမဲ့တစ်ယောက်အဖြစ်ကြီးပြင်းခဲ့တာကြောင့် အိမ်ယာမဲ့ကလေးငယ်တွေရဲ့ဘဝကိုစာနာပြီး ဖေးမဖို့ကြိုးစားပေးသူတစ်ယောက်ပါ။

 

 

ပရဟိတလုပ်ငန်းတွေကိုလည်း တတ်နိုင်တဲ့ဖက်ကအမြဲတမ်းလုပ်ပေးနေခဲ့ပါတယ်။ မြန်မာတို့ရဲ့ အထိမ်းအမှတ်နေ့တွေဆိုလည်း အမြဲတမ်းအလှူတစ်ခုလုပ်ပေးလေ့ရှိပါတယ်။ လတ်တ လောအခြေအနေတွေကြောင့် ဖိလစ်ပိုင်နိုင်ငံကိုပြန်သွားခဲ့ရပေမယ့် မြန်မာပရိသတ်တွေနဲ့ အတူ အမြဲရှိတဲ့အကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မြန်မာပြည်ကထွက်ခွာပြီး ဖိလစ်ပိုင်ကိုရောက်တဲ့အထိတောင် သံပုံးတီးတာတွေ ပြုလုပ်ခဲ့သလို သူလည်ပတ်ရောက်ရှိနေတဲ့ နိုင်ငံတွေမှာလည်း မြန်မာအလံကို ကိုင်ဆောင်ကာ ဆန္ဒထုတ် ဖော် ပေးခဲ့တဲ့အထိကို မြန်မာ့အရေးမှာ စွမ်းစွမ်းတမံကူညီပေးခဲ့သူပါ။ဒါကြောင့်လည်း Sinon ကို မြန်မာပြည်သူပြည်သားတွေက ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

 

 

ဒီနေ့မှာလည်း မြန်မာနိုင်ငံအတွက် သူရဲ့ ရင်ထဲမှာ နေရာအလွ တ် အမြဲရှိနေပြီး သတိရနေကြောင်းကို ” ငါ့ နှလုံးသားထဲမှာ မြန်မာအတွက် နေရာလွတ် က အမြဲရှိပြီးသား အရမ်းလွမ်းတ ယ် မြန်မာ” ဆိုကာ ရေးသားဖော်ပြလာခဲ့ပါတယ်။ မြန်မာပြည်ကိုချစ်တဲ့ Sinon ကို မြန်မာပြည်သူတွေကလည်း အများကြီ းချစ်ကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။

 

crd#original writer