Celebrity News News

စကားဝါမြေ ကို သက်သေ ပြုပြီး ချစ်သူ ကော်မလေး နဲ့ လက်မှတ်ရေး ထိုးပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုတော် ရဲနောင်

ပရိတ်သတ်ကြီးရေ…Myanmar Idol Season(2 )ရဲ့ ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်တဲ့ ရဲနောင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။သူဟာ ပြိုင်ပွဲပြီး သွားကတည်းက ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို ရရှိခဲ့ပြီး အခုဆိုရင် အောင်မြင်နေ တဲ့ အဆိုတော် တစ်ဦးအဖြစ် အနုပညာ လမ်းကြောင်းကို လျှောက်လှမ်း နေ သူပဲဖြစ်ပါတယ်..။

ဒါ့အပြင်သူ့ထက် (၄)နှစ်ငယ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင် ထားပြီး ချစ်သူ ကောင်မလေးကို အရမ်းချစ်တယ်ဆိုတာကိုတော့ ပရိသတ်တွေလည်းအားလုံးသိပြီးဖြစ်မှာပါ ။ချစ်သူကောင်မလေးအတွက် မကြာခဏ Surprise လေးတွေ လုပ်ပေးလေ့ရှိတဲ့ ရဲနောင်ကတော့ လတ်တလောမှာတော့ ချစ်သူကောင်မလေးကိုတင်မက ပရိသတ်တွေ ကိုပါ Surprise လုပ်လိုက်ပါပြီ ပရိသတ်ကြီးရေ ..။

သူ့ရဲ့ချစ်သူကောင်မလေးနှင့်အတူ လက်မှတ်ရေးထိုး လက်ထပ်ပွဲ‌‌ လေးပြု လုပ် ထားတာ တစ်လပြည့်သွားပြီဖြစ်ကြောင်းရဲနောင်က သူ့ရဲ့‌‌ဆိုရှယ်မီဒီယာကနေတစ်ဆင့်ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ရဲနောင်တို့စုံတွဲလေးကို အားကျနေတဲ့ ပရိသတ်ကြီးကတော့ လက်မှတ်ရေးထိုး မင်္ဂလာပွဲလေးမှ ပုံရိပ်လေးတွေကြည့်ပြီး ရင်ခုန်နေလောက်ပြီ ထင်ပါတယ်နော် ။အဆိုတော်ရဲနောင်ကတော့ Myanmar Idolသီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်ထွက်ပေါ်လာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေကာ သီချင်းကောင်းလေးတွေကို ထွက်ရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

အပြုံးချိုချိုလေးနဲ့ လူတိုင်းကို ပွင့်လင်းစွာ ပြောဆိုဆက်ဆံတတ်တဲ့ ရဲနောင်ကတော့ ချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့ချပြထားပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။အဆိုတော်ရဲနောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပြီး ယနေ့လေးကတော့ သူရဲ့ ချစ်သူလေးနဲ့အတူ လက်မှတ်ရေးထိုးခဲ့တဲ့ ရက်မြတ်လေးဖြစ်ကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ အားပေးတဲ့ပရိသတ်တွေက ကိုယ်စီဆုတောင်းပေးထားကြတာပဲဖြစ်ပါတယ်။

ရဲနောင်ကတော့ လက်မှတ်ရေးထိုးပွဲလေးမှာ ချစ်သူကောင်မလေး ချောချောလေးကြောင့် ဝမ်းသာပီတိဖြာကာ ပြုံးပျော်ရွှင်နေခဲ့ပါတယ်။ရဲနောင်ကတော့ “စကားဝါမြေကို သက်သေပြု၍နောက်ဆုံးတော့ သူက ကျွန်တော့်ရဲ့အိမ်သူဇနီးမယား ဖြစ်လာပြီလေ 16.4.202 #1monthanniversary “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် လက်မှတ်ရေးထိုးပွဲလေးမှာပျော်ရွှင်နေတဲ့ ရဲနောင်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source : Ye Naung ‘ s Facebook Page