Celebrity News

ပေါက်ကွဲမှုတွေကြောင့် ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ အဖြစ်အပျက်တွေကို ဖွင့်ဟပြောပြလာတဲ့ မေမီကိုကို

ပေါက်ကွဲမှုတွေကြောင့် ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ အဖြစ် အပျက်တွေကို ဖွင့်ဟပြောပြလာတဲ့ မေမီကိုကို

ဇာတ်လမ်းတွဲတွေများစွာနဲ့ ပရိသတ်အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော မေမီကိုကိုကတော့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

 

 

မေမီကိုကိုကတော့ လက်ရှိအခြေအနေတွေကြောင့် ပြည်သူတွေ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေအပြင် သူမကိုယ်တိုင် ခံစားနေရတဲ့အဖြစ်အပျက်တွေကိုလည်း စိတ်မကောင်းစွာ ဖွင့်ဟပြောပြလာပါတယ်..။

ရှိတဲ့ပစ္စည်းလေးတွေ ပျက်စီးဆုံးရှုံးမှာကြောက်လို့ အိမ်ပြန်သ ယ်နေကြရတဲ့ ဈေးသည်တွေရဲ့ ထိတ်လန့်မှုတွေအပြင် ပြည်သူတွေရဲ့ စိုးရိမ်သောကတွေကို မေမီကိုကိုက ပြောပြထားတာ ဖြ စ်ပါတယ်..။

 

 

ပေါက်ကွဲမှုတွေနဲ့ လတ်တလောအခြေအနေတွေအမျိုးမျိုးကြေ ာင့် သူမကိုယ်တိုင်လည်း ညဘက်တွေမှာ အိပ်မပျော်ဘဲ လန့်လန့်နိုးနေရတဲ့ အဖြစ်အပျက်တွေကို ရင်ဖွင့်ပြောပြထားပါသေးတယ်..။

“အော် ဈေးသည်တွေ သနားပါတယ်…. မနေ့ညက စစ်ကားတွေ ဈေးကိုဝိုင်းထားတာ တွေ့တော့ ပစ္စည်းလေးတွေ အိမ်ကိုပြန်သယ်နေကြရရှာတယ် (ကိုယ့်အမျိုးတွေအပါအဝင်) မြို့လေးက သေးပါတယ်ဆိုနေမှ…. ဗုံးခွဲလိုက် လက်နက်ကြီးနဲ့ ပစ်လိုက်နဲ့…. လေယာဉ်တွေနဲ့ ဖြတ်ပြလိုက်နဲ့…. တနေ့တနေ့ ဗုံးသံကြောင့်ပဲ လန့်လန့်နိုးလာရတယ်….” ဆိုပြီး မေမီကိုကိုက ရေးသားပြာပြထားတာပါ..။

 

 

အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အခြေအနေဆိုးတွေကို ကိုယ်တိုင် တွေ့ကြုံခံစားနေရရှာတဲ့ ပြည်သူတွေနဲ့အတူ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြထားတဲ့ မေမီကိုကို ကို အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတ ယ်..။

crd#original writer