Feature

စိတ်မကောင်းစွာရေးသားထားတဲ့ ကိုလျှံဖြိုးအောင်ရဲ့ ဖခင်

သို့/ ချစ်ရပါသော သားငယ်၊

သားဖေကြီးတို့ အိ လေး ဆီကို ပြန်လာခွင့်မရခဲ့တာ၂၇.၃.၂၀၂၁ နေ့ ကတည်းက

သားမေကြီးကလည်း ထမင်းလေးခူးပြီး ထမင်းဝိုင်းမှာ

သားငယ် ကြိုက်တတ်တဲ့ ဟင်းလေးတွေနဲ့ ခွံ့ကျွေးဖို့စောင့်နေလေရဲ့

သား.ကိုကိုကြီး ကလည်း

သူ့ညီလေး သွားချင်တဲ့နေရာလေးတွ

ပြောချင်တဲ့စကားလေးတွေ နားထောင်ပေးဖို့

စောင့်ကြိုနေတယ်သား

သားညီမငယ်လေးက သူ့ကိုလေး ဝယ်ပေးနေကြ မုန့်လေးတွေ အရုပ်ကလေးတွေ မျှော်နေရှာတယ်

သားညီမငယ်လေးက သူ့ ကိုလေး ကျောင်းပို့နေကြမို့ သူ့စာကြည့်စားပွဲလေးမှာ မျှော်နေရှာတယ်

သူ့ကိုလေး မျက်စေ့ကွယ်သွားတာ လက်ဖြတ်လိုက်ရတာ ခြေထောက်တွေ လမ်းမလျှောက်နိုင်တော့တာ

ခုထိ မသိရှာဘူး

သားမွေးထားတဲ့ခွေးလေး ဖွေးဖွေး ကလည်း အစား ကောင်းကောင်းမစားတော့ဘူး

တိ/ကု ဆရာဝန် နဲ့ပြနေရပြီ

အထူးသဖြင့် မကြီးက ဆီချို ရောဂါကြီးနှင့် သမားတော်ကြီးဆေးတွေ သားငယ် ပြန်လာမှ သောက်မယ်တဲ့

ဖေကြီးအတွက်တော့မပူနဲ့

ကွဲပြဲသွားတဲ့နှလုံးသားလည်း အနာမကျက်ချင်ဘူး

သားငယ် အပြန်လမ်းကို ..

ထမရည်(ထမင်းရည်) သောက်ပြီး လမ်းရှင်းပေးဖို့ ဓားသွေးစောင့်နေတယ်

သားငယ် ရဲ့ဖေကြီး

(Zawgyi)

ခုထိ မသိရွာဘူး