Articles

ဒေါ်အောင် ဆန်းစုကြည် ရဲ့ မည်သူ မျှ လိုက် လို့ မမီနို င် တဲ့ အရည်အချင်း ( ၁၀ ) ခု အကြောင်း

ဒေါ်အောင် ဆန်းစုကြည် ရဲ့ မည်သူ မျှ လိုက် လို့ မမီနို င် တဲ့ အရည်အချင်း ( ၁၀ ) ခု အကြောင်း

၁။ ဘာ သာ စကား မြန်မာ လူဦးရေ ( ၅၂ ) သန်း စလုံး အင်္ဂ လိပ်စာ ကျွမ်းကျင် နေဖို့ မလိုပါဘူး ။ ဂျပန် ထိုင်း တရုတ် တို့မှာ လည်း ပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြ ပါဘူး ။

သို့သော် နိုင်ငံ အုပ်ချုပ်သူ ခေါင်းဆောင်များ လူကြီးများ က တော့ vocabulary, pronunciation, intona tion, tone, grammar, usage, က အစ ကျွမ်း ကျင် နေ ရ မှာ ပါ ။ ဒါ မှ နိုင်ငံတကာ နဲ့ ဆက်ဆံ လို့ အဆင် ပြေ မှာ ပါ ။ ဒီ အရည်အချင်း အမေစု မှာ ၁၀၀% ရှိ တယ် ။

 

 

၂။ ဗဟုသုတ something special, everything normal ဆိုတဲ့ စကား လို အရာရာသော ရှုတ်ထွေး ကျယ် ဝန်းလှသော ပြသနာ ကိစ္စကြီး ငယ်တွေ ကို အကြမ်းဖျဉ်း ( မှန်ကန်စွာ ) ခြုံငုံ ဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတ နဲ့ အရေးကြီးသော အကြောင်းအရာတွေ ကို အဂတိ တရား မပါ အမြင် ကြည်လင် မတိမ်း မစောင်း စေ့ငုသေချာ ဂဃနဏ သိဖို့လို ပါ တယ် ။ ဒီအရည်အချင်းအမေစု မှာ ၁၀၀% ရှိတယ် ။

 

 

၃။ ရုပ်ရည် လူတိုင်းဟာ ရုပ်ရှင် မင်းသား မင်းသမီးလို ချောမေ ာ လှပ နေစရာ မလိုပါဘူး။သို့သော် နိုင်ငံခေါင်းဆောင် ဆိုတာ လူဘုံ အလယ် မှာ တင့်တယ် ခန့်ငြား ကျက်သရေ ရှိသော မျက်နှာမြင် ချစ်ခင် လေးစား လောက်သော ( ဒီခေါင်းဆောင်ဟာ အတွင်းစိတ် ကောင်းပါ့မလား ဟု သံသယ လုံးဝ မရှိနိုင် လောက်သော) မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင် ရှိ ရ ပါ မယ် ။

အဝတ်အစား အရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေ လှုပ်ရှားဟ န်များ ကလည်း ခန့်ငြား တည်ငြိမ် မ ဟော့ရမ်း မ ကလက်ပဲ အဆင့်အတန်း ရှိ နန်းဆန်ရ ပါ မယ် ။ ဒီ အရည်အချင်း အမေစု မှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွား လို့။ ခုနေများ ၅၀ ကျော်လောက်ဆို ကောင်းလေစွ ။

 

 

၄။ ပညာ တက္ကသိုလ်က ရတဲ့ဘွဲ့ မှ ပညာ လို့မပြောနိုင် ပါဘူး ။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့ နေရာမှာ နာမည်ကျော် ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံရေး ဆိုင်ရာ ဘာသာရပ် မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှ

ာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာ မှာေ လ့လာ ဆည်းပူး တဲ့ အကျင့်၊ အိမ် မှာ အကျဉ်းကျနေစဉ် ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီ အ ရည်အချင်းလည်းအမေစုမှာ ၁၀၀% ရှိတယ်။

၅။ သီလ သမာဓိ…နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူ လို သီလ မလုံ တရား မရှိ နေချင်သလို နေ မရပါ။ကြံဖန်ပြောရရင် အမေစုဟာ လူမျိုးခြားကို လက်ထပ်ခဲ့ခြင်းက လွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘဝတေ လျှာက်လုံး နေထိုင်ခဲ့သူ ဖြစ်ခြင်း ၊

(လူမျိုးခြား ဆိုပေမဲ့ အမေစုအား ချစ်ခင်လေးစား တန်ဘိုးထ ား နားလည်ပေး တတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်း ဖြစ်ပါတယ်။) အိမ်တွင်း အကျဉ်းကျစဉ် ဝိပသနာ တရားအားထုတ်မှုကို မပြ တ် လေ့ကျင့်ပွားများ ခဲ့ခြင်း ဆရာတော်ကြီးများ ရဲ့ အဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထို အရည် အချင်း အမေစုမှာ ၁၀၀% ရှိပြန် ပါတယ်။

 

 

၆။ သတိ သာမန် လူတိုင်းဟာ မနော ဝစီ ကာယကံများကို အ ချိန်နဲ့ အမျှ ပြုနေကြရာမှာ အမှတ်တမဲ့ သတိ ကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြော တွေးနေ မိတတ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည့် အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကို ကြ ည့်ပါ။

ထိုင်နေလျှင် ခါးစန့် ခါးမတ် ၊ ဦးခေါင်းကို မတ် ၊ ပျင်းပျင်း ရိရိ ကျောကို မမှီ ၊ ဒူးကို ဘယ်တော့ မှ မချိတ် ၊ မိန့်ခွန်းများ ပြောရာမှာ မည်သည့် ဘာသာစကားကို ပြော ပြော လေသံ အတက် အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း ၊ ပျာယာမခတ် ။ ရှူးရှူး ရှဲရှဲ မရှိ ။

မှားလို့ပြန်ပြောရသည် ဆိုသည် မရှိသလောက်ရှား ။ဒါက သ တိကပ်နေခြင်း ရဲ့ သက်သေ ။ အသံကလည်း ပီသ ၊ မျက်နှာ အမူအရာက တည်သင့် လျှင် တည် ရီသင့်လျှင် ရီ ပြုံးတန်ပြုး ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှ မရှိ ။

သည်လောက် မအားသည့်ကြားက အဝတ်အစား ဘိုသီ ဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော…ထိုအရည်အချင်း အမေစုမှာ ၁၀၀% ရှိပြန်ပါတယ်။

 

 

၇။ အသံ အဆိုတော်များ တစ်မျိုးစီ အသံကောင်းကြ ပါတယ်။ သီချင်း မဆိုလည်း အသံ ကောင်းသူ များစွာ ရှိ ပါတယ်။ ဒါပေမဲ့ လူတိုင်း ရဲ့ အသံများမှာ အရောင်လေး တွေ ပါကြပါတယ် ။

အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရားသံ ဆရာကြီးသံ…ပွဲစားသံ .. ထုံထိုင်းသံ..ပျင်းရိသံ…စသဖြင့်။

နိုင်ငံခေါင်းဆောင်၏ အသံကတော့ ပညာရှိသံ ပြတ်သား တိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများ အပေါ် မေတ္တာ စေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ် ရပါမယ်။ ထိုအရည်အချင်း ုအမေ စုမှာ ၁၀၀% ရှိပြန်ပါတယ်။.

 

 

၈။ မျိုးရိုး ဘယ်လောက မှာ မဆို အောင်မြင် လာမဲ့သူဟာ ရှေ့ က မျိုးရိုးရှိချင်မှ ရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့ သား သမီး မြေး မြစ် က အဖြစ် ရှိချင်မှ ရှိမှာပါ။

ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်း စတဲ့ သတ္တိပြောင်တဲ့ မျို းရိုး ကို ထိန်းသိမ်းနိုင်တဲ့ သွေးနဲ့ မျိုးရိုး အရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ အမေစုမှာ သာလျှင် ၁၀၀% ရှိပြန်ပါတယ်။

အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့ မိခင် ဒေါ်ခင်ကြည့် ရဲ့ သွန်သင် ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိ ရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေခဲ့တာဟာ ငြင်းမရ ပါဘူး။

 

 

၉။ စွန့်လွှတ်အနစ်နာခံသော စိတ်နေက္ခမ္မ ပါရမီ လို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂို္ဂလ်ရေးရာ family / personal ခံစားချက်တွေ ကို အ တတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရ ပါမယ် ။

မိမိဘဝနဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ် ။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမ တစ်သန်း မှာ တစ်ယောက် တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘဝ အဆင်ပြေမှုတွေကို လုံးလုံး လျ ားလျား လျစ်လျူရှုခဲ့တဲ့ အမေစုရဲ့ စိတ်ထားမျိုးကတော့ အ ထူးပြော စရာ မလိုတော့ ပါဘူး ။

 

 

၁၀။ မေတ္တာ သတ္တလောကကြီးကို ထိန်းချုပ်ပြောင်း လဲနိုင်စွမ်း ရှိသော အရာဟာ စစ်မှန်တဲ့ မေတ္တာပါပဲ။ မိမိ မိသားစုဝင် သုံးယောက် သန်းပေါင်း ၆၀ သော လူသားတွေ အတွက် မေတ္တာကြီးစွာ ထားခဲ့သူပါ။

မေတ္တာတရားနဲ့ ပြည့်ဝလွှမ်းခြုံနေတဲ့ မျက်နှာမျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ထို အရည်အချင်း မေတ္တာဓါတ်မျိုး အမေစုမှာသ ာ ၁၀၀% ရှိ ကြောင်း ဦးနှောက် မှန်တဲ့ လူတိုင်းရဲ့နှလုံးသား က ခံစားလို့ရ ပါတယ် ။

ပြောခဲ့တဲ့ အချက် (၁၀) ချက်အပြင် အခြားများစွာသော ထူး ခြား အရည် အချင်းများ နဲ့ ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့ အခြား မြန်မာ အမျိုးသမီး တဦးဦး မရှိနိုင်ပါဘူး။ တစ်ခုတူရင် တစ်ခု လိုနေမှာပါ

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလ ည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ်နော်

Credit-Original Post