Celebrity News

(၃၄)နှစ်ပြည့်မွေးနေ့မှာ ချစ်ရသူတွေနဲ့ အတူ စစ်ကိုင်းတောင်ရိုး သွားပြီး အလှူပြုခဲ့တဲ့ နိုင်းဝမ်း

(၃၄)နှစ်ပြည့်မွေးနေ့မှာ ချစ်ရသူတွေနဲ့ အတူ စစ်ကိုင်းတောင်ရိုး သွားပြီး အလှူပြုခဲ့တဲ့ နိုင်းဝမ်း

အထာကျတဲ့ သီချင်းစာသားတွေနဲ့ လူငယ်ပရိသတ်တွေ အ ကြား ရေးပန်းစား အောင်မြင်နေတဲ့ တေးသံရှင် နိုင်းဝမ်းကိုတော့ အားလုံး သိကြမယ်ထင်ပါတယ်။

 

 

နိုင်းဝမ်းကတော့ ယခု လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေ၊ ပရိသတ်တွေနဲ့ အတူ အမှန်တရား ဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့တဲ့ တေးသံရှင်တွေထဲက တစ်ဦးပဲ ဖြစ်ပါတ ယ်။

 

 

နိုင်းဝမ်းဟာ လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး လိုအပ်တဲ့ နေရာတွေမှာ အလှူတမ်းတွေ လုပ်ကာ တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုးကူညီနေတဲ့ သူလည်း ဖြစ်ပါတယ်။

 

 

လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ အမြဲ speak out လုပ်ပေးနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူရဲ့ မွေးနေ့အ လှူလေးကို Facebook My day ထက်မှာ မျှဝေ လာတ ာပဲ ဖြစ်ပါတယ်။

 

 

နိုင်းဝမ်းဟာ မွေးနေ့အလှူအဖြစ် ချစ်ရသူတွေနဲ့ အတူ စစ်ကိုင်းတောင်ရိုးမှာ အလှူ ပြုခဲ့တာပဲ ဖြစ်ပါတယ်။အရင်နှစ် မွေးနေ့တွေ မှာတုန်းက ပျော်ပျော်ရွှင်ရွှင် ခရီးတွေ ထွက်ပြီး ပျော်ပါးခဲ့ရပေမဲ့ ယခု လက်ရှိ အခြေအနေတွေကြောင့် ဒီနှစ်ကျရောက်တဲ့ (၃၄)နှစ်ပြည့် မွေးနေ့မှာ မပျော်ရွှင်ရတဲ့ အကြောင်းကိုလ ည်း ရေးသားထားပါသေးတယ်။

နိုင်းဝမ်းဟာ ပြည်သူတွေနဲ့ ထပ်တူ မပျော်ရွှင်နိုင်တဲ့ အကြောင်းကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်……။

crd#original writer