Celebrity News

နိုင်ငံရေးမလုပ်တာဟာ၅၀၅-ကကိုကြောက်လို့ဖြစ်ပြီး ဒူးရင်သီးရောင်းတဲ့အကြောင်းကိုရှင်းပြလာတဲ့ နန္ဒာလှိုင် ခင်ပွန်း ဇေသီဟ

ပရိတ်သတ်ကြီးရေ…နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောနန္ဒာလှိုင်ဟာဆိုရင်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့

ဇာတ်ကားများစွာရှိတာကြောင့် သူမကိုချစ်တဲ့ပရိသတ်အခိုင် အမာရရှိထားသူပါ။အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ခဲ့တဲ့

သူမကခုဆိုရင်သူမချစ်တဲ့မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်အကယ်ဒမီနန္ဒာလှိုင်ကအိမ်ထောင်ပြုပြီးနောက်ပိုင်းမှာအနုပညာအလုပ်တွေ

မလုပ်တော့ပေမယ့်ချစ်တဲ့ ပရိသတ်တွေကတော့ ခုအချိန်ထိအားပေးဆဲပါ။

နန္ဒာလှိုင်ကတို့မိသားစုလေးကပရိသတ်တွေအားကျချစ်ခင်ရတဲ့မိသားစုဖြစ်သ

လိုချစ်စရာကောင်းတဲ့သမီးလေးတွေကလည်းပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားကြတာပါ။

မိသားစုရဲ့ပုံရိပ်ကလေးတွေကိုလည်းချစ်တဲ့ပရိသတ်တွေအ တွက်ဖော်ပြပေးလေ့ရှိပါတယ်။

စီးပွားရေးလုပ်ငန်းတွေကလည်းအတော်လေးကို အခြေအနေေ ကာင်းနေပြီးအခြားလုပ်ငန်းတွေကိုပါ

ချဲ့ထွင်ဖို့ ပြင်ဆင်နေတာပါနော်။အနေအေးပြီး တည်ငြိမ်သူဖြစ်လို့ ပရိသတ်တွေက

ချစ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ အားလုံးရဲ့ ဝေဖန်ရှုံ့ချခြင်းတွေကို ခံနေရပါပြီနော်။

နန္ဒာလှိုင်ရဲ့ ယောကျာ်း ဇေသီဟကလည်း နေရာတိုင်း ရောင်းဝယ်နေကြပြီး ကိုယ့်နေရာလေး

ကွက်ပြီး ဒူးရင်းသီး မရောင်းရ နယ်မြေဖြစ်နေတာမသိလိုက်ဘူးဆိုပြီး ခနဲ့တဲ့ စာသားတွေ တင်နေတာပါနော်။

ဝိုင်းဆဲတဲ့သူတွေကိုလည်းblock ပစ်ပြီး ဒီနောက်ပိုင်းမှာတော့ comment ပိတ်ထားတာပါနော်။

တော်လှန်ရေးဝင်မပါတဲ့ အကြောင်းကလည်း၅၀၅(က) ကို ကြောက်တယ်လို့လည်း ဆိုထားပါသေးတယ်နော်။

သူတို့ကို အပြစ်ပြောနေတဲ့ အကြောင်းရင်းကလည်း ပြည်သူချစ် အနုပညာရှင်ဖြစ်တာကြောင့်

Speak out လုပ်စေချင်ကြတာပါနော်။ သုံးလလောက် အသံမထွက်ဘဲ ပျောက်နေပြီး

ဒူးရင်းသီးရာသီရောက်မှ ဆိုရှယ်မီဒီယာပေါ်ထွက်ပြီး ဈေးရောင်းတဲ့အတွက်

ပိုပြီးဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုကျေးဇူးတင်ရှိပါတယ်.