Articles

အခြေအနေအရ အမြန်လူစုခွဲခဲ့ရသော်လည်း ဘေးကင်းစွာဆန္ဒဖော်ထုတ်နိုင်ခဲ့ကြတဲ့ မန္တလေးအင်ဂျင်နီယာ သပိတ်စစ်ကြောင်း

အခြေအနေအရ အမြန်လူစုခွဲခဲ့ရသော်လည်း ဘေးကင်းစွာဆန္ဒဖော်ထုတ်နိုင်ခဲ့ကြတဲ့ မန္တလေးအင်ဂျင်နီယာ သပိတ်စစ်ကြောင်း

နေရာအရပ်ရပ်မှာ ပုံစံမျိုးစုံနဲ့ပေါ်ပေါက်လာခဲ့တဲ့ သပိတ်စစ် ကြောင်းတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးအားကောင်းလာခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့အနေအထားတွေ ရှိတာကြောင့် အရင်လို လူအများကြီးနဲ့ ဆန္ဒထုတ်ဖော်တာတွေမလုပ်တော့ပေမယ့် သပိတ်စစ်ကြောင်းတွေ ကတော့ နေ့တိုင်းထွက်နေဆဲပါပဲ။

 

 

ဒီတော်လှန်ရေးကြီးမအောင်မချင်း သပိတ်စစ်ကြောင်းတွေ လ ည်း ရှိနေဦးမှာပါ။ ပြည်သူအများနဲ့ ကျောင်းသားတွေဟာ ဘယ် တော့မှသွေးအေးမသွားဘဲ ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ ချုပ်နှောင်ခံထားရတဲ့ အပြစ်မဲ့သူတွေအတွက် ရတဲ့ဖက်က ဆန္ဒထု တ်ဖော်ပေးနေကြပါတယ်။

 

 

ဒီနေ့မှာလည်း မန္တလေးက အင်ဂျင်နီယာသပိတ်စစ်ကြောင်းဟာ နံနက်အစောပိုင်းမှာ ချီတက်ခဲ့ကြပါတယ်။ အခြေအနေတွေကြောင့် လူစုခွဲလိုက်ကြပြီး ပါဝင်ဆန္ဒထုတ်ဖော်သူအားလုံး ဘေးကင်းကြတယ်လို့ ဆိုပါတယ်။ တက်ကြွတဲ့လူငယ်တွေရဲ့ သပိတ်စစ်ကြောင်း ပုံရိပ်တွေကို ”

 

 

၁၇.၅.၂၀၂၁ အမှန်တရား နှင့် ပြည်သူအတွက် ဘယ်လိုအခက် အခဲကြုံကြုံ အမြဲတမ်းရှိနေမည့် မန္တလေးအင်ဂျင်နီယာများအ ဖွဲ့၏ ယနေ့နံနက်ခင်းပိုင်း ဆန္ဒဖော်ထုတ်မှု မြင်ကွင်းများ အခြေ အနေအရ မြန်မြန်လူစုခွဲခဲ့ရပြီး ပူးပေါင်းပါဝင်သူ အားလုံးကို ကျေးဇူးတင်လေးစားပါသည်။

 

 

” ဆိုပြီး မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group က ဝေမျှခဲ့ပါတယ် စိတ်ပူနေကြသူတွေကိုလည်း ” စိတ်ပူနေကြတဲ့သူများခင်ဗျာ အားလုံးဘေးက င်းတယ်လို့ ကြားသိရပါတယ်ဗျာ ” ဆိုပြီး ပြန်လည်ပြောပြခဲ့ပါသေးတယ်။

ဘေးကင်းကြဖို့က နံပါတ်တစ်ဦးစားပေးဖြစ်တာကြောင့် အခုလိုပါဝင်သူအားလုံး အန္တရာယ်ကင်းကြောင်းသိရလို့ အားလုံးကလ ည်းစိတ်အေးခဲ့ကြပါတယ်။ တက်တက်ကြွကြွ ပါဝင်ဆန္ဒထုတ် ဖော်ခဲ့ကြတဲ့ လူငယ်တွေဟာ အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် သွေးတွေရဲနေခဲ့တယ်ဆိုတာ ပုံရိပ်တွေက သက်သေပါပဲ။

crd#original writer