Articles

ကျောပိုးအိတ်လေးလွယ်ပြီး ကျောင်းတက်နေရမယ့်အရွယ်မှာ ပင်ပင်ပန်းပန်းနဲ့တောထဲပြေးကာ စစ်ရှောင်နေရတဲ့ကလေးငယ်များ

ကျောပိုးအိတ်လေးလွယ်ပြီး ကျောင်းတက်နေရမယ့်အရွယ်မှာ ပင်ပင်ပန်းပန်းနဲ့တောထဲပြေးကာ စစ်ရှောင်နေရတဲ့ကလေးငယ်များ

လက်ရှိအခြေအနေမှာဆိုရင် စစ်ဘေးရှောင်ပြည်သူတွေ တစ်စထက်တစ်စ ပိုမိုများပြားလာပြီး အရင်ကအေးချမ်းတဲ့နယ်မြို့လေးတွေမှာတောင် အိုးအိမ်တွေကို စွန့်ခွါနေရတာဖြစ်ပါတယ်။ပြည်သူတချို့လည်း မိမိတို့ရဲ့ အသက်၊အန္တရာယ်လုံခြုံဖို့အတွ က်သာ ဦးစားပေးပြီး ပစ္စည်းအနည်းငယ်နဲ့ တောထဲပြေးပုန်းနေရတာဖြစ်ပါတယ်။

 

 

စစ်ဘေးရှောင်ပြည်သူတွေက နေပူပူ၊မိုးရွာရွာ တောထဲမှာ အ ဆင်ပြေသလိုနေထိုင်ကြပြီး ဒုက္ခအခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ဒီလိုအချိန်မှာ ပြည်သူတိုင်းနီးပါးက အကြပ်အတည်းတွေရှိပေမယ့်လည်း စစ်ဘေးရှောင်တွေကိုတော့ တတ် နိုင်သလောက် ဖေးမကူညီပေးပြီး လှူဒါန်းနေကြတာဖြစ်ပါတ ယ်။

 

 

အရွယ်မရောက်သေးတဲ့ကလေးငယ်လေးတွေကအစကိုယ်နိုင်သလောက်ပစ္စည်းလေးတွေသယ်ပြီး မိဘတွေနဲ့အတူ စစ်ရှောင်နေရတာဖြစ်ပါတယ်။ကလေးငယ်လေးတွေခမျာ ကျောပိုးအိတ်လေးလွယ်ပြီး ကျောင်းတက်နေရမယ့်အချိန်မှာတောင် ကြမ်း တမ်းတဲ့လောကဓံတရားတွေကိုခံစားနေရတာဖြစ်ပါတယ်။

 

 

ကလေးလေးတွေကလည်း အသက်ငယ်ငယ်လေးပဲရှိသေးတာတောင် စိတ်ဓာတ်ကြံ့ခိုင်ကြလို့ တောလမ်းခရီးကို ကိုယ့်အား ကိုယ်ကိုးပြီး ခက်ခဲပင်ပန်းစွာလျှောက်လှမ်းနေကြတာဖြစ်ပါတ ယ်။လတ်တလောမှာဆိုရင် ပြည်သူတစ်ယောက်ချင်းစီမှာ အခ က်အခဲတွေရှိနေကြပေမယ့် အချင်းချင်းဖေးမကူညီရင်း အားတ င်းထားကြတာဖြစ်ပါတယ်။

ကလေးငယ်လေးတွေလည်း အသက်အရွယ်နဲ့မလိုက်အောင် ဒုက္ခမျိုးစုံကိုခံစားနေရတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေ းလိုက်ပါတယ်။.

crd#origianl writer