Articles

အိမ်တွင်း Animation သပိတ်ဆင်နွှဲခဲ့ကြတဲ့ ကချင် ပြည်နယ် မိုးညှင်းတက္ကသိုလ် မေဂျာပေါင်းစုံက Gen Z လူငယ်လေးများ

အိမ်တွင်း Animation သပိတ်ဆင်နွှဲခဲ့ကြတဲ့ ကချင် ပြည်နယ် မိုးညှင်းတက္ကသိုလ် မေဂျာပေါင်းစုံက Gen Z လူငယ်လေးများ

အရင်လိုလမ်းမပေါ်မှာဆန္ဒပြတာတွေလုပ်ဖို့သိပ်မလွယ်တော့တဲ့အခြေအနေမှာ လူငယ်လေးတွေဟာ မိမိတို့တတ်နိုင်တဲ့ဖက်ကနေ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ကြပါတယ်။ ဒီနေ့မှာလည်း က ချင်ပြည်နယ် မိုးညှင်းတက္ကသိုလ် မေဂျာပေါင်းစုံက Gener ation Z လူငယ်လေးတွေဟာ အိမ်တွင်း Animation သပိတ်ပြုလုပ်ပြီး လူမှုကွန်ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မျက်နှာတွေကိုလည်း ကွယ်ပြီးသားဖြစ်သလို မိမိတို့ရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ပြီးသားဖြစ်သွားပါတယ်။ ဒီလိုထက်မြက်တဲ့လူငယ်လေးတွေရဲ့အနာဂတ်ဟာ အာဏာရှင်လက်အောက်မှာဆို ကောင်းနိုင်ဖို့ မသေချာတော့တာမို့ ရတဲ့နည်းနဲ့ တိုက်ထုတ်နေကြတာပဲဖြစ်ပါတယ်။

 

လူငယ်တိုင်းမှာ အနာဂတ်အိပ်မက်တွေအများကြီးရှိသလို ဒါတွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာပဲ ဒီလိုအခြေအနေဆိုးကြီးနဲ့ရင်ဆိုင်ခဲ့ကြရတာပါ။ လက်ရှိအချိန်ထိ လူပေါင်း (၈၀၀) ကျော်သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀၀) ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ လူငယ်အများစုပါဝင်နေပြီး အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားကြသူတွေ လည်းဖြ စ်ပါတယ်။ ကိုယ်ရည်မှန်းထားတဲ့အနာဂတ်ကို မပျက်စီးစေချင်တဲ့စိတ်နဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတော်လှန်ကြရင်း အသက်သေဆုံးတာတွေ ဖမ်းဆီးခံရတာတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ စိတ်မကောင်းစရာပါ။

 

 

တန်ဖိုးရှိတဲ့သားသမီးတွေကိုဆုံးရှုံးလိုက်ရတဲ့မိဘတွေရဲ့စိတ်ထဲမှာလည်း အစားထိုးလို့မရတဲ့ နာကျင်ခံစားမှုကြီးက သေရာပါဒဏ်ရာတစ်ခုလိုဖြစ်သွားခဲ့ပါပြီ။ ဖေဖော်ဝါရီ (၁) ရက်နေ့က တည်းက ဖြစ်ပေါ်လာတဲ့တိုင်းပြည်မငြိမ်သက်မှုတွေဟာ တစ် နေ့တခြားပိုဆိုးလာခဲ့ပြီး လူတန်းစားပေါင်းစုံဟာ ငွေကြေးရှာ းပါးမှုပြဿနာကိုရင်ဆိုင်နေရပါတယ်။

 

ဒါကြောင့်လည်း လူငယ်တွေဟာ ကျောင်းတက်ပြီး ပညာရှာရမယ့်အရွယ်မှာ လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီကို ရှာဖွေနေရပါတယ်။ တိုင်းပြည်ကြီး အမြန်ဆုံးအေးချမ်းပြီး အနာဂတ်ကေ ာင်းတွေကို ပုံဖော်နိုင်မယ့်နေ့ရက်ဆီရောက်နိုင်ပါစေလို့ပဲ တေ ာင်းဆုပြုပါတယ်။

crd#origianl writer