Celebrity News

မြောက်ဥက္ကလာဘက်မှ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်သူတွေအတွက် တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

မြောက်ဥက္ကလာဘက်မှ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်သူတွေအတွက် တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသလို လှူဒါန်းမှုတွေကိုလည်း အင်တိုက်အားတိုက် ပြုလုပ်နေသူကတော့ မင်းသမီးချောခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။

 

 

ခိုင်နှင်းဝေဟာ မိဘမဲ့ဂေဟာကိုလည်းတည်ထောင်ထားတာဖြစ်တဲ့အပြင် စာကြည့်တိုက်တစ်ခုကိုလည်းတည်ထောင်ထားပြီး ပရဟိတအလုပ်တွေကိုအင်တိုက်အားတိုက်ပြုလုပ်နေတဲ့သူတစ်ယောက်ပါ…..။

အခုဆိုရင်လည်း ခိုင်နှင်းဝေဟာ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေတဲ့သူတွေအတွက် ၀မ်းမြောက်ဖွယ်ရာအလှူဒါနလေးကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ခိုင်နှင်းဝေက သူမရဲ့ Fac ebookစာမျက်နှာမှာ “မြောက်ဥက္ကလာဘက်မှ အိမ်ခြေ (၁၅၀) နှင့် သက်ကြီးရွယ်အို များ ၊ နာမကျန်းသူများ အယော က် (၁၀၀) အတွက် ဆန်(၅)ပြည်၊ဆီ၊ငါးခြောက်၊ကုလားပဲ၊အာ းဆေး၊ ကြက်သွန် နှင့် အလှူငွေ (၁)သောင်းကျပ်ဆီ လှူဒါန်းပေးခဲ့ပါတယ်ရှင်…..။

 

 

“တချို့ ဘိုးဘွားတွေကတော့ အစားမစားနိုင်တော့တဲ့ အတွက် အလှူငွေသာ အဓိက ပိုလှုပေးခဲ့ပါတယ်..စာရင်းကောက်ထားတဲ့ အပြင် တခြားရပ်ကွက်မှ ဘိုးဘွားများပါ ရောက်လာကြတဲ့ဲအတွက် နေပူထဲ လာရပြီး မလှူလိုက်ရ မဖြစ်အောင် ပါလ ာသမျှ ပိုက်ဆံ အကုန် လှူဖြစ်ခဲ့ပါတယ်..

 

ဘာ အကျိုး အမြတ်မှ မမျှော်ကိုးပဲ သဒ္ဓါဖြူသည့် အလှူအကျိူးအား ကျမနှင့် အတူ စေတနာ အလှူရှင်များ၊ ခုနှစ်ရက် သားသမီးများ အားလုံး ထပ်တူ သာဓု ခေါ်ဆိုနိုင်ပါတယ်ရှင်..???…..” ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
crd#origianl writer