Articles

မိသားစုက တားနေတဲ့ကြားကနေ တိုင်းပြည်အရေးအတွက် ပါဝင်ကူညီပေးခဲ့လို့ မိခင်နဲ့အစ်ကိုဖြစ်သူတို့ရဲ့စွန့်လွှတ်ခြင်းခံလိုက်ရတဲ့ လူငယ်တစ်ဦး

မိသားစုက တားနေတဲ့ကြားကနေ တိုင်းပြည်အရေးအတွက် ပါဝင်ကူညီပေးခဲ့လို့ မိခင်နဲ့အစ်ကိုဖြစ်သူတို့ရဲ့စွန့်လွှတ်ခြင်းခံလိုက်ရတဲ့ လူငယ်တစ်ဦး

ဒီကာလမှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကတော့ အများကြီး ပေးဆပ်ခဲ့ရသလို စွန့်လွှတ်အနစ်နာခံရမှန်းသိရက်နဲ့တောင် နောက်မဆုတ်ဘဲ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ လူငယ်တစ်ဦးက မိခင်နဲ့ အစ်ကိုဖြစ်သူတို့ရဲ့ စွန့်လွှတ်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

 

 

သူကတော့ ကနီမြို့မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်ပြီး (၂၀၁ ၅) ခုနှစ်ကတည်းက နိုင်ငံ့အရေး၊လူမှုရေးတွေမှာတစ်တပ်တစ် အားပါဝင်ကူညီခဲ့တာကြောင့် မိသားစုနဲ့ အဆင်မပြေဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် လက်ရှိမှာဆိုရင်လည်း သူက လူထုလှုပ်ရှ ားမှုပွဲတွေမှာ တတ်အားသရွေ့ ပါဝင်ဆောင်ရွက်နေတာကို မိခ င်ဖြစ်သူနဲ့ အစ်ကိုတို့က အမျိုးမျိုးတားမြစ်ခဲ့တာ ဖြစ်ပါတယ် ။

 

 

ဒါပေမဲ့လည်း သူကလုံးဝလက်မခံဘဲ ကိုယ့်နိုင်ငံရဲ့အနာဂတ်အ တွက် အစွမ်းကုန်ကြိုးစားပေးနေတာကြောင့် မိသားစုကနေ “သားသမီးအဖြစ်မှ ၊ ညီအဖြစ်မှ စွန့်လွှတ်ကြောင်း၊ အိမ်နှင့်လုံးဝမပက်သက်တော့ကြောင်း” ဖုန်းဆက်ပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ကိုယ်ယုံကြည်ရာလမ်းကို ဆက်လက်လျှောက်လှမ်းဖို့ စိတ်ပိုင် းဖြတ်ထားတဲ့ အဲ့ဒီလူငယ်လေးကတော့ မိခင်နဲ့အစ်ကိုဖြစ်သူတို့ရဲ့ဆုံးဖြတ်ချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

သူကတော့မိသားစုရဲ့စွန့်လွှတ်ခြင်းခံလိုက်ရတာထက် မြန်မာ နိုင်ငံက ပြည်သူတွေရဲ့ရည်မှန်းချက် အကောင်အထည်ဖော်ဖို့အရေးကိုသာ အရေးကြီးတယ်လို့ ခံယူခဲ့တာပဲ ဖြစ်ပါတယ် ။

အကူအညီလိုချင်လို့၊ အသနားခံချင်လို့ အခုလို ပြောပြရတာမဟုတ်ကြောင်းကိုလည်း သူက ဖြေရှင်းထားပါသေးတယ်။ ပြည်သူတွေကတော့ သူ့ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကို လေးစားချီးကျူးနေကြတာပဲဖြစ်ပါတယ် ။

crd#original writer