Articles

လမ်းပေါ်မှာ ဆိုက်ကားနင်း၊ အမှိုက်ကောက်နေရတဲ့ အဘိုးတွေကို ဆန်၊ဆီ၊ကြက်သွန်တွေပေးပြီး စပရိုက်လုပ်ခဲ့တဲ့ ပြည်သူတစ်ဦး

လမ်းပေါ်မှာ ဆိုက်ကားနင်း၊ အမှိုက်ကောက်နေရတဲ့ အဘိုးတွေကို ဆန်၊ဆီ၊ကြက်သွန်တွေပေးပြီး စပရိုက်လုပ်ခဲ့တဲ့ ပြည်သူတစ်ဦး

အလှူအတန်းနဲ့ပတ်သက်ရင် လက်မနှေးကြတဲ့ မြန်မာပြည်သူတွေရဲ့မွန်မြတ်လှတဲ့စိတ်ထားကတော့ တကယ့်ကို ချီးကျူးချင်စရာကောင်းလှပါတယ်။ အခုလိုမျိုး ပြည်သူတွေ အများစု အ ကျပ်အတည်းရောက်နေတဲ့အချိန်မှာ ကူညီပေးကြတဲ့ စေတနာ ရှင်တွေကလည်း တကယ့်ကို လေးစားဂုဏ်ပြုထိုက်တာပဲ ဖြစ်ပါတယ် ။

 

 

စေတနာရှင်တွေကတော့ အခက်အခဲရောက်နေတဲ့ ပြည်သူတွေကို ကိုယ်တိုင်အားပေးကူညီသလို အခြားသူတွေပါ ဖေးမပေးလို့ရအောင် တိုက်တွန်းတတ်ကြတာ ဖြစ်ပါတယ် ။အခုလည်း စေတနာရှင်အမျိုးသားတစ်ဦးက လမ်းပေါ်က အဘိုးတွေကို S urprise တစ်ခုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

သူကတော့ ဆိုက်ကားနင်းတဲ့ အဘိုးတွေနဲ့ အမှိုက်ကောက်တဲ့ အဘိုးတွေကို သွားရောက်တွေ့ဆုံပြီး ဆန်၊ဆီ၊ ကြက်ဥ၊ ကြက် သွန်၊ ပဲနဲ့အားလူးတွေ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ လတ်တလော Facebook မှာ Surprise Gifts တွေပေးတာ ခေတ်စားနေသလို သူကလည်း အဘိုးတွေကို ရစေချင်တာကြောင့် အခုလိုလုပ်ပေးတာဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

 

 

အသက်အရွယ် ကြီးနေပြီဖြစ်ပေမယ့်လည်း ဝမ်းရေးအတွက် လမ်းပေါ်ထွက်ကာ ရှာဖွေနေတဲ့ အဘိုးအဘွားတွေရဲ့ဘဝက တကယ့်ကို ကရုဏာသက်စရာကောင်းလောက်ပါတယ်။ ဒီလိုအဘို းတွေကိုမှ စေတနာအပြည့်နဲ့လှူဒါန်းပေးခဲ့တဲ့ အဲ့ဒီအမျိုးသားရဲ့လုပ်ရပ်ကိုလည်း ပြည်သူတွေက ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။

 

 

ဒါကြောင့် အဘိုးအဘွားတွေအတွက် လှူဒါန်းချင်တဲ့သူတွေအ နေနဲ့ သူ့ဆီမှာ ပါဝင်အားဖြည့်ပေးလို့ရကြောင်း ဖော်ပြထားတာလည်း တွေ့ရပါတယ်။

crd#origianl writer