Articles

ထောင်ထဲက ကလေးတွေကို စားစေချင်တဲ့စေတနာနဲ့ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ပြင်ဆင်ပြီး ပို့ပေးနေတဲ့အမျိုးသမီးတစ်ဦး

ပြည်သူတွေကတော့ ဒီကာလမှာ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီနေကြတာဖြစ်ပြီး အချင်းချင်း အပြန်အလှန်ဖေးမရင်းနဲ့ပဲ ရှေ့ဆက်နေရတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့သူတွေ အစွမ်းကုန်ကြိုးစားပေးနေသလို အနောက်ကနေ ပံ့ပိုးကူညီပေးနေတဲ့သူတွေကလည်း လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ် ။

အခုလည်း စေတနာရှင်ပြည်သူတစ်ဦးက ထောင်ထဲက ကလေးတွေစားဖို့အတွက် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

စေတနာရှင်အမျိုးသမီးက ကလေးတွေကို စားချင်စေတဲ့စေတနာနဲ့ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ပြင်ဆင်ပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ် ။ သူမကတော့ ကလေးတွေအတွက် ငံပြာရည်ကြော်၊ ငါးပိကြော်၊ အခြောက်အခြမ်းကြော်၊လက်ဖက်နှပ်နဲ့ နှစ်ပြန်ကြော်တွေအပြင် ဆေးဝါးနဲ့ လစဥ်သုံးပစ္စည်းတွေပါ ထည့်ပေးခဲ့တာ ဖြစ်ပါတယ် ။

သူမအနေနဲ့ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးတွေကို အိမ်ချက်လက်ရာလေးတွေ စားစေချင်တာကြောင့် အခုလိုလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အစားအသောက်တွေ ပို့ပေးခဲ့တဲ့အပြင် ကလေးတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက်လည်း စာလေးတွေပါရေးသားပြီး ထည့်ပေးခဲ့သေးတာ ဖြစ်ပါတယ် ။ ကလေးတွေကလည်း သူမရေးထားတဲ့စာတွေကို ဖတ်ပြတဲ့သူတစ်ဆင့် ကြားသိရပြီး ငိုတဲ့သူက ငိုကြသလို သဘောကျလို့ ရယ်တဲ့သူကလည်း ရယ်ကြတယ်လို့ ပြောပြထားတာ ဖြစ်ပါတယ်။

ကလေးတွေက အပြင်ကလူတွေကို သူတို့အဆင်ပြေပါတယ်လို့ပြောပေမယ့်လည်း တကယ်တမ်းမှာတော့ ပါဆယ်ထုပ်လေးတွေကို မျှော်နေကြတာပဲ ဖြစ်ပါတယ် ။

စေတနာရှင်အမျိုးသမီးရဲ့အလှူကို ပြည်သူတွေကလည်း ချီးကျူးကြတဲ့အပြင် လိုအပ်တာတွေပါ ဝိုင်းဝန်းလှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

ပြည်သူတွေကတော့ ဒီကာလမှာ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီနေကြတာဖြစ်ပြီး အချင်းချင်း အပြန်အလှန်ဖေးမရင်းနဲ့ပဲ ရှေ့ဆက်နေရတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့သူတွေ အစွမ်းကုန်ကြိုးစားပေးနေသလို အနောက်ကနေ ပံ့ပိုးကူညီပေးနေတဲ့သူတွေကလည်း လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ် ။

အခုလည်း စေတနာရှင်ပြည်သူတစ်ဦးက ထောင်ထဲက ကလေးတွေစားဖို့အတွက် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

စေတနာရှင်အမျိုးသမီးက ကလေးတွေကို စားချင်စေတဲ့စေတနာနဲ့ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ပြင်ဆင်ပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ် ။ သူမကတော့ ကလေးတွေအတွက် ငံပြာရည်ကြော်၊ ငါးပိကြော်၊ အခြောက်အခြမ်းကြော်၊လက်ဖက်နှပ်နဲ့ နှစ်ပြန်ကြော်တွေအပြင် ဆေးဝါးနဲ့ လစဉ်သုံးပစ္စည်းတွေပါ ထည့်ပေးခဲ့တာ ဖြစ်ပါတယ် ။

သူမအနေနဲ့ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးတွေကို အိမ်ချက်လက်ရာလေးတွေ စားစေချင်တာကြောင့် အခုလိုလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်