Articles

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းများ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းများ

မြန်မာ ပြည်သူပြည်သားများ အားလုံးကတော့ ဖေဖော် ဝါရီလ (၁)ရက်နေ့ကတည်းကနေ ယနေ့အချိန်ထိတိုင်အောင် ပူပင်သေ ာကတွေရောက် နေကြရတာ ဖြစ်ပါတယ်။လက်ရှိ အခြေအနေကြီးက သုံးလကျော်သွားပေမယ့်လည်း ပြည်သူ လူထုကတော့ အားမာန်အပြည့်နဲ့ ဆက်လက်ချီတက်နေကြဆဲ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာ တိုင်းရင်းသားပေါင်းစုံက ပြည်သူတွေက စည်းလုံးညီညွှတ်စွာ ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

 

လတ်တလောမှာဆိုရင် လူထုလှုပ်ရှားမှုကြီးက ပြန်လည်အား ကောင်းလာကာ မြို့နယ်အသီးသီးက သာမက ကျေးရွာများတွင်လည်း စုပေါင်းပြီး လှုပ်ရှားမှုပြုလုပ်လာကြတာ ဖြစ်ပါတ ယ်။မျိုးဆက်သစ် လူငယ်တွေကလည်း ဆန္ဒထုတ် ဖော်နိုင်မယ့် နည်းလမ်းတွေကို အမြဲတွေးခေါ်ကြံဆနေကြတာ ဖြစ်ပါတယ်။ ဒီနေ့ မေလ (၁၀) ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီ းမြို့နယ်၊ ဖောင်းကတာစံပြကျေးရွာအုပ်၊ ကျေးရွာများစုပေါင် း၍ ကျောင်းသားကျောင်းသူများ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ္။

 

ပြည်သူတွေ အနေနဲ့လည်း အခုလိုမျိုး မလျော့သော ဇွဲ၊လုံလတွေနဲ့ ယုံကြည်တဲ့ ပန်းတိုင်ကို လူကြီး၊လူငယ်တွေ အပြင် က လေးတွေပါ မကျန် ဆက်လက် ကြိုးစားနေကြတာကို လေးစားဖွယ်တွေ့ရပါတယ်။တိုင်းပြည်ရဲ့ အနာဂတ်အတွက် တာဝန်ကျေပွန်နေတဲ့ ကလေးတွေရဲ့ လူထုလှုပ်ရှားမှု ပုံရိပ်တွေကို ပြန်လည်မျှဝေပေးရင်း မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းပါတယ်??

crd#original writer