Articles

အခက်အခဲတွေကြားကနေ ကချင်ပြည်နယ်အထိ အရောက်သွားပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ စေတနာရှင်ဆရာဝန်တစ်ဦး

အခက်အခဲတွေကြားကနေ ကချင်ပြည်နယ်အထိ အရောက်သွားပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ စေတနာရှင်ဆရာဝန်တစ်ဦး

အခုချိန်မှာတော့ ပြည်သူတွေက တာဝန်တွေကိုယ်စီယူပြီး ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ် ။ အလှူရှင်တွေက ဒုက္ခရောက်နေတဲ့သူတွေကို လှူဒါန်းသလို အဆင်ပြေတဲ့သူကလည်း အခက်အ ခဲဖြစ်နေတဲ့သူတွေကို ဖေးမကူညီပေးနေတာ ဖြစ်ပါတယ် ။

 

စေတနာရှင် ဆရာဝန်တွေကလည်း ပြည်သူတွေရဲ့အသက်ကို ကယ်တင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပေးနေကြတာ ဖြစ်ပါတယ် ။

အခုလည်း ဆရာဝန်မလေးတစ်ယောက်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့အတွက် အခက်အခဲတွေ၊အတားအဆီးတွေကြားကနေ ကချင်ပြည်နယ်ကို အရောက်သွားခဲ့တာ ဖြစ်ပါတ ယ် ။

 

အဲ့ဒီနောက်မှာတော့ စစ်ဘေးဒဏ်ကြောင့် ရှောင်တိမ်းနေရတဲ့ ပြည်သူတွေရဲ့ကျန်းမာရေးအတွက် သူမက စောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူမက စစ်ဘေးရှောင်ပြည်သူတွေကို နွေးနွေးထွေးထွေးဆက်ဆံပြီး ဂရုတစိုက်နဲ့ ဆေးကုသပေးနေတာလည်း ဖြစ်ပါတယ် ။

 

“အဖမ်းခံရမှာ သေရမှာထက် လုပ်သင့်တာမလုပ်လိုက်ရမှာ ကြောက်စိတ်ရှက်စိတ်နဲ့ တစ်သက်လုံး အသက်ရှင်သွားရမှာကို ပိုကြောက်ပါတယ်” ဆိုတဲ့ ဆရာဝန်မလေးရဲ့စိတ်ဓာတ်နဲ့ လုပ် ရပ်ကို ပြည်သူတွေကလည်း ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။

 

ဒါကြောင့်လည်း ပြည်သူတွေက ဆရာဝန်မလေးနဲ့အဖွဲ့သားတွေ ဘေးကင်းစေဖို့အတွက် ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ စေတနာရှင် ဆရာဝန်မလေးကတော့ကချင်ပြည်နယ်၊ မိုးမော က်ဒေသရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ဆက်လက်နေထိုင်ပြီး ပြည်သူတွေကို ဆေးကုသမှုပေးနေတာပဲ ဖြစ်ပါတယ် ။

crd#original writer