Knowledge

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (Convocation Hall ) အပြင်ဖက်ကို ‌ ‌ဘာ့ကြောင့် ဆေးမသုတ် ကြတာလဲ?

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (Convocation Hall ) အပြင်ဖက်ကို ‌ ‌ဘာ့ကြောင့် ဆေးမသုတ် ကြတာလဲ?

၁၉၆၂ ခုနှစ် တွင် ပထမတခါဆေးသုတ်ခဲ့သည်။ ထိုနှစ် 7 July တွင် ကျောင်းသားအရေးအခင်းဖြစ် ပြီး၊ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ Rangoon University Student Union (RUSU) အဆောက်အဦးကိုလည်း ဖျက်စီးပစ်ခဲ့၍ ကျောင်းသားအများအပြားကြွေလွင့်ခဲ့ရသည်။

ထိုနောက် ၁၃ နှစ်အကြာ ၁၉၇၅ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်၍ ဆေးသုတ်ခဲ့သည်။ ထိုအကြိမ်တွင် ဦးသန့် အရေးအခင်း နှင့် ပတ်သက်၍ ကျောင်းသားများ ဖိတ်ဆင်ခဲ့ပြီး လူထုအုံကြွမူတခု ဖြစ်ခဲ့ပြန်သည်။

ထိုနောက် မယုံတဝက်ယုံတဝက်နှင့်တိုက်ဆိုင်မူ တခုသာ သဘောထားပြီး နောက်ထပ် ၁၃ နှစ်အကြာ ၁၉၈၈ ဖေဖော်ဝါရီလ တွင် တတိယအကြိမ်ဆေးထပ်သုတ်ခဲ့ ကြသည်။

ဤတွင်လည်း ရှေးကနည်းတူ လူထုအုံကြွ ကျောင်းသားအရေးအခင်းကြီး ထပ်ဖြစ်ကာ ကျောင်းသားများ အသက်စတေးခဲ့ရလေသည်။တိုက်ဆိုင်မူ တခုလား? ယုံချင် ယုံ မယုံချင်နေ ပါ

သို့ပေမယ့် နှစ်ကြိမ်မြောက် ဖြစ်ပျက်ခြင်းကို တိုက်ဆိုင်မူ ဟု ခေါ်သော်ငြားလည်း သုံးကြိမ်မြောက် သွေးထွက်သံယို နှင့် ရှေးကအဖြစ်အပျက်နည်းတူ မြန်မာ့နိုင်ငံရေး ကို ကြီးမားစွာ ပြောင်းလဲခြင်းကို တော့ လက်မခံ၍ မရတောပေ။

ထိုအချိန်မှစတင်ကာ ကျောင်းမှတာဝန်ရှိသူတို့သည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ မှ လွဲ၍ ကျောင်းတဝန်းလုံးရှိ အဆောက်အဦးမှန်သမျှကိုသာ ဆေးသုတ်ခြင်းများသာ ပြုလုပ်ကြတော့သည်။

(နောက်ထပ်လည်း မစမ်းသပ်သင့်‌ပေ) ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးမသုတ် ပဲ မူလအတိုင်းထားရှိသော ရန်ကုန်တက္ကသိုလ် (Convocation Hall )သည် ပို၍တည်ငြိမ် ရင့်ကျက် ခန့်ငြားမူရှိသော သဘောကို ဆောင်‌နေသည်ဟု ထင်မြင်မိပါသည်။

ထို့အတူ ဆေးသုတ်ခြင်း မသုတ်ခြင်းထက် အနာဂတ်ရဲ့ အားကိုးရမည့် မျိုးဆက်သစ် လူငယ်များကို အမြဲတန်းထာဝရ မွေးထုတ်ပေးနေမှာ ဧကန်မလွဲ ဖြစ်ပါတော့သည်။

Old but Gold

Zawgyi

ရန္ကုန္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ (Convocation Hall ) အျပင္ဖက္ကို ‌ ‌ဘာ့ေၾကာင့္ ေဆးမသုတ္ ၾကတာလဲ?

၁၉၆၂ ခုႏွစ္ တြင္ ပထမတခါေဆးသုတ္ခဲ့သည္။ ထိုႏွစ္ 7 July တြင္ ေက်ာင္းသားအေရးအခင္းျဖစ္ ၿပီး၊ သမိုင္းဝင္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားသမဂၢ Rangoon University Student Union (RUSU) အေဆာက္အဦးကိုလည္း ဖ်က္စီးပစ္ခဲ့၍ ေက်ာင္းသားအမ်ားအျပားေႂကြလြင့္ခဲ့ရသည္။

ထိုေနာက္ ၁၃ ႏွစ္အၾကာ ၁၉၇၅ ခုႏွစ္တြင္ ဒုတိယအႀကိမ္ထပ္၍ ေဆးသုတ္ခဲ့သည္။ ထိုအႀကိမ္တြင္ ဦးသန့္ အေရးအခင္း ႏွင့္ ပတ္သက္၍ ေက်ာင္းသားမ်ား ဖိတ္ဆင္ခဲ့ၿပီး လူထုအုံႂကြမူတခု ျဖစ္ခဲ့ျပန္သည္။

ထိုေနာက္ မယုံတဝက္ယုံတဝက္ႏွင့္တိုက္ဆိုင္မူ တခုသာ သေဘာထားၿပီး ေနာက္ထပ္ ၁၃ ႏွစ္အၾကာ ၁၉၈၈ ေဖေဖာ္ဝါရီလ တြင္ တတိယအႀကိမ္ေဆးထပ္သုတ္ခဲ့ ၾကသည္။

ဤတြင္လည္း ေရွးကနည္းတူ လူထုအုံႂကြ ေက်ာင္းသားအေရးအခင္းႀကီး ထပ္ျဖစ္ကာ ေက်ာင္းသားမ်ား အသက္စေတးခဲ့ရေလသည္။တိုက္ဆိုင္မူ တခုလား? ယုံခ်င္ ယုံ မယုံခ်င္ေန ပါ

သို႔ေပမယ့္ ႏွစ္ႀကိမ္ေျမာက္ ျဖစ္ပ်က္ျခင္းကို တိုက္ဆိုင္မူ ဟု ေခၚေသာ္ျငားလည္း သုံးႀကိမ္ေျမာက္ ေသြးထြက္သံယို ႏွင့္ ေရွးကအျဖစ္အပ်က္နည္းတူ ျမန္မာ့နိုင္ငံေရး ကို ႀကီးမားစြာ ေျပာင္းလဲျခင္းကို ေတာ့ လက္မခံ၍ မရေတာေပ။

ထိုအခ်ိန္မွစတင္ကာ ေက်ာင္းမွတာဝန္ရွိသူတို႔သည္ ရန္ကုန္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ မွ လြဲ၍ ေက်ာင္းတဝန္းလုံးရွိ အေဆာက္အဦးမွန္သမွ်ကိုသာ ေဆးသုတ္ျခင္းမ်ားသာ ျပဳလုပ္ၾကေတာ့သည္။

(ေနာက္ထပ္လည္း မစမ္းသပ္သင့္‌ေပ) ဘယ္လိုပဲ ျဖစ္ျဖစ္ ေဆးမသုတ္ ပဲ မူလအတိုင္းထားရွိေသာ ရန္ကုန္တကၠသိုလ္ (Convocation Hall )သည္ ပို၍တည္ၿငိမ္ ရင့္က်က္ ခန့္ျငားမူရွိေသာ သေဘာကို ေဆာင္‌ေနသည္ဟု ထင္ျမင္မိပါသည္။

ထို႔အတူ ေဆးသုတ္ျခင္း မသုတ္ျခင္းထက္ အနာဂတ္ရဲ႕ အားကိုးရမည့္ မ်ိဳးဆက္သစ္ လူငယ္မ်ားကို အၿမဲတန္းထာဝရ ေမြးထုတ္ေပးေနမွာ ဧကန္မလြဲ ျဖစ္ပါေတာ့သည္။