Articles

ကမ္ဘာလည့်ပြီးခရီးသွားရန် အဖော်လုပ်ပေးရုံနဲ့ ဒေါ်လာ 50kကို ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ၂၆ နှစ်အရွယ် သန်ကြွယ်သူဌေး

ကမ္ဘာလည့်ပြီးခရီးသွားရန် အဖော်လုပ်ပေးရုံနဲ့ ဒေါ်လာ 50kကို ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ၂၆ နှစ်အရွယ် သန်ကြွယ်သူဌေး

Metthew Lepre အမည်ရှိ အသက် ၂၆နှစ်အရွယ်နဲ့ သန်းကြွယ်သူဌေး သြစတေးလျနိုင်ငံ၊ Sydney မြို့မှာ နေထိုင်နေပါတယ်။သူနဲ့အတူ ကမ္ဘာကို လျှောက်လည်းခြင်းဖြင့် တစ်နှစ်ကို ဒေါ်လာ ၅၂,၀၀၀ ပေးမယ်လို့ ဆိုထားပါတယ်။

သို့ပေမဲ့လည်း အဲ့ဒီ ငယ်ရွယ်တဲ့ သန်းကြွယ်သူဌေးဟာ ၁၈နှစ်အရွယ် လူငယ်တစ်ယောက်ပုံစံနေထိုင်ပြီး စည်းမျဉ်းစည်းကမ်းတွေလည်း ချမှတ်ထားတာမရှိပါဘူး။”

ကျွန်တော်က လူတွေနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့အိမ်မက်လေးတွေကို သိချင်ခဲ့ပါတယ်။ဒါကြောင့် အခုကျွန်တော်နဲ့ အတူ ထွက်လည်ဖို့ တစ်စုံတစ်ယောက်ကိုလိုအပ်ပါတယ်။”

လို့ Metthew က ပြောဆိုထားပါတယ်။Metthew က သူ့အသက် ၂၃နှစ်အရွယ်မှာ သွားဘက်ဆိုင်လုပ်ငန်းကို ဝါသနာခဲ့ပေမဲ့လည်း ကောလိပ်ကျောင်း မအောင်တဲ့အတွက်ကြောင့် စီးပွားရေးကိုစတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။

အခုဆိုရင် အွန်လိုင်းပေါ်မှာစီးပွားရေးလုပ်ငန်း လေးခုကို လုပ်ဆောင်နေတဲ့ သူဌေးတစ်ယောက်ဖြစ်လာခဲ့ပါပြီ။သူ့ရဲ့အလုပ်တွေက ကမ္ဘာမှာရှိသမျှ နိုင်ငံတွေကို ယူဆောင်သွားနိုင်ပါတယ်။

နောက်ပြီး သူ့က “အလုပ်ကို ကောင်းတစ်ထက်ကောင်းအောင်ကြိုးစားမယ်”ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက် လမ်းကြောင်းကိုလည်း ဝေမျှခဲ့ပါတယ်။

credit