Celebrity News

အခက်အခဲ အတားအဆီးတွေရှိနေပေမယ့် ရဲရဲဝံ့ဝံ့နဲ့ ညအချိန်ထိပါ ဆီမီးထွန်းရင်း ဆန္ဒထုတ်ဖော်နေကြတဲ့ လှည်းတန်းလမ်းမပေါ်ရှိ ပြည်သူများ

အခက်အခဲ အတားအဆီးတွေရှိနေပေမယ့် ရဲရဲဝံ့ဝံ့နဲ့ ညအချိန်ထိပါ ဆီမီးထွန်းရင်း ဆန္ဒထုတ်ဖော်နေကြတဲ့ လှည်းတန်းလမ်းမပေါ်ရှိ ပြည်သူများ

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြေ ာင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူထုလှုပ်ရှားမှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအ နေနဲ့လုပ်ဆောင်နေကြတဲ့ ဒီလှုပ်ရှားမှုကြီးမှာဆိုရင် ဒီမိုကရေစီလိုလားကြတဲ့ပြည်သူတိုင်းဟာ

 

လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေးပါ၀င်နေကြတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၄၀ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်ကြီးမားလာတာနဲ့အမျှ ဖြိုခွင်းမှုတွေလည်းဆက်တိုက်ဆိုသလိုပြုလုပ်နေကြတာကို ပရိသတ်တွေလည်းတွေ့မြင်ကြမယ်ထင်ပါတယ်နော်။

 

အခုလိုဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပေမယ့်လည်း ပြည်သူတစ်ရပ်လုံးဟာ ရဲရဲဝံ့ဝံ့နဲ့လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပြီး အခုဆိုရင်လည်း ညဘက်အထိပါ လူထုလှုပ် ရှားမှုတွေကို ငြိမ်းချမ်းစွာပြုလုပ်လာကြတာဖြစ်ပါတယ်…..။

 

ယနေ့ မတ်လ(၁၂)ရက်နေ့မှာဆိုရင်လည်း ရန်ကုန်မြို့ လှည်းတန်းလမ်းမပေါ်မှာ ညဘက်အထိလူထုလှုပ်ရှားမှုတွေကို ပြည်သူတွေဟာ ဆီမီးထွန်းကြရင်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အခုလိုမျိုး ညအချိန်ထိပါ ရဲရဲဝံ့ဝံ့နဲ့တက်ကြွစွာပါ၀င်လှုပ်ရှားနေကြတဲ့ လှည်းတန်းလမ်းမပေါ်ရှိ ပြည်သူတွေရဲ့ ပုံရိပ်တွေကိုပြန် လည်မျှဝေပေးလိုက်ပါတယ်နော်…..။

crd#orignail writer