Celebrity News
ယူနီကုဒ်ဖြင့် ဖတ်ရန်
မီးရထားဝန်ထမ်းတွေအတွက် နေ့တိုင်းဟင်းချက်လှူတဲ့အပြင် စားသောက်ကုန်တွေလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စူးရှထက်
ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့တစ်ခဲအားပေးချစ်ခင်မှုတွေကို ရရှိထားသလို အလှူ အတန်းတွေမှာလည်း ချွေးနည်းစာငွေကြေးလေးတွေနဲ့ တတ်နိုင်သလောက်လှူဒါန်းနေသူလေးကတော့..
မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်ပဲ ဖြစ်ပါတယ်..စူးရှထက်ကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေသလို တော်လှန်ရေး..
တို က်ပွဲကြီးမှာ လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။လတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်ကြတဲ့ မီးရထားဝန်ထမ်းတွေအတွက် နေ့တိုင်း..
ဟင်းချက်လှူတဲ့အပြင် စားသောက်ကုန်တွေကိုလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်..။အခက်အခဲအမျိုးမျိုးကြောင့် ဘုန်းကြီးကျောင်းမှာ နေ ထိုင်နေကြတဲ့ မီးရထားဝန်ထမ်းသုံးရာကျော်အတွက်..
လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး အလှူပုံရိပ်လေးတွေကိုလည်း စူးရှထက်က ပရိသတ်တွေကို အသိပေးဝေမျှထားတာပါ..။“CDMမီးရထားဝန်ထမ်းတွေ ဘုန်းကြီးကျောင်းမှာသုံးရာကျော်လောက်..
ရှိပါတယ် စူးကတော့ နေ့တိုင်းဟင်းချက်လှူပေးတယ်ဒီနေ့စားစရာတွေလှူရှင် ကိုယ်စားသွားရောက်လှူတန်းပေးခဲ့ပါတယ်Thaw Dar Ooမိန်းရေဒီထက်မကလှူနိုင်ပါစေနော်သာဓု သာဓု သာဓု
ဆိုပြီး အလှူလေးကို ဝေမျှထားတာပါ..။စူးရှထက်တို့ရဲ့ ကုသိုလ်အလှူလေးကို ပရိသတ်တွေကလည်း ဝမ်းသာစွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေနဲ့အတူ ချီးကျူးနေကြတာလည်း အားလုံးတွေ့မြင်ရပါတယ်နော်..။..