Knowledge

မပြတ်သားရင် အကြိမ်ကြိမ်နာကျင်ရပေမယ့် ပြတ်သားလိုက်တာက တစ်ခါပဲနာကျင်ရမှာပါ

မပြတ်သားရင် အကြိမ်ကြိမ်နာကျင်ရပေမယ့် ပြတ်သားလိုက်တာက တစ်ခါပဲနာကျင်ရမှာပါ

မာနကိုဦးမော့ထားပါ

ကိုယ့်တန်ဖိုးကို နားမလည်တဲ့သူတစ်ယောက်ကို အတင်းအကျပ်ဖက်တွယ်မထားပါနဲ့။

ကိုယ့်အနစ်နာခံမူတွေကို တန်ဖိုးမထားတဲ့လူတစ်ယောက်ကို ပင်ပန်းတကြီးဆုပ်ကိုင်မထားပါနဲ့။

ကိုယ့်ပေးဆပ်မူတွေကို အသိအမှတ်မပြုတဲ့လူတစ်ယောက်ကို ရူးမတတ်လည်းတွယ်တာမနေပါနဲ့။

ကိုယ်ကတန်ဖိုးထားလေလေ လျစ်လျူရူခံရလေ…

ကိုယ့်ကအနစ်နာခံလေလေ အနိုင်ယူပြလေ…

ကိုယ်ကချစ်ပြလေလေ အပေါစားလ်ု့ိထင်လေ…

ကိုယ်ကပေးဆပ်ပြလေလေ တန်ဖိုးမထားလေလေမို့..

စွန့်လွှတ်လိုက်တာကပိုမကောင်းဘူးလား…?

မိန်းမသားတွေဆိုတာ ဥပေက္ခာထက်အကြင်နာကိုသာလိုချင်ကြတာပါ၊

ချစ်ခြင်းတရားကင်းတဲ့ အေးစက်စက်ရင်ခွင်တစ်စုံမှာ ခိုဝင်နေမယ့်အစား

နွေးထွေးမူမရှိတော့တဲ့ လက်တစ်စုံကိုဆုပ်ကိုင်နေမယ့်အစား

ကြင်နာခြင်းကင်းတဲ့တုန့်ပြန်မူတွေကို ဖက်တွယ်နေမယ့်အစား ကျောခိုင်းလ်ုက်တာကပိုအေးချမ်းပါတယ်။

မပြတ်သားရင် အကြိမ်ကြိမ်နာကျင်ရပေမယ့် ပြတ်သားလိုက်တာက တစ်ခါပဲနာကျင်ရမှာပါ။

လမ်းဟောင်းကိုပြစ်ပြီး လမ်းသစ်ထွင်နေတဲ့လူတစ်ယောက်ကို

ကိုယ့်မာနကိုဖြန့်ခင်းပြီး တိုးရိူးတောင်းပန်ရမှာမတန်ပါဘူး။

မိန်းမသားတစ်ယောက်က အသွားအပြန်မရှိတော့တဲ့ချစ်ခြင်းကို

က်ုယ့်ရဲ့မာနနဲ့တန်ဖိုးကို ချိုးနှိမ်ပြီးမျှော်လင့်နေမယ့်အစား

အရင်ကထက် smart ကျကျနဲ့ လှသထက်လှအောင်နေုပြီး

မာနကိုဦးမော့ထားတဲ့ မိန်းမတစ်ယောက်ပဲဖြစ်ပါစေ။

Credit