Celebrity News

ပထမအကြိမ် ဖြိုခွင်းခံရပေမယ့် သံပြိုင်ဟစ်ကြွေးသံနဲ့အတူ လမ်းပေါ်ပြန်ထွက်လာခဲ့တဲ့ စမ်းချောင်း လူထုလှုပ်ရှားမှု

ပထမအကြိမ် ဖြိုခွင်းခံရပေမယ့် သံပြိုင်ဟစ်ကြွေးသံနဲ့အတူ လမ်းပေါ်ပြန်ထွက်လာခဲ့တဲ့ စမ်းချောင်း လူထုလှုပ်ရှားမှု

မြန်မာနိုင်ငံရဲ့ အခြေအနေဟာဆိုရင် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့ရတာဖြစ်ပြီး ယခုဆိုရင် ၁ လကျော်ရှိခဲ့ပြီလဲ ဖြစ်ပါတယ်။ အခုလိုအခြေအနေတွေကြောင့် ပြည်သူအများက လမ်းပေါ်ထွက်ကာ တရားမျှတမှုရရှိရေးအတွက် ဆ န္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

အခုလို ဆန္ဒထုတ်ဖော်ရာမှာ ရန်ကုန်တိုင်းဒေသကြီး စမ်းချော င်းမြို့နယ်က ပြည်သူတွေလည်း အပါအဝင်ပါ။စမ်းချောင်းမြို့ နယ်က ပြည်သူတွေက လူထုလှုပ်ရှားမှုကြီးကို ငြိမ်းချမ်းစွာ ပြု လုပ်ခဲ့ပေမယ့် ဖြိုခွဲခံရတာတွေရှိခဲ့ပါတယ်။

 

အခုလို ဖြိုခွဲခံရပေမယ့်လည်း ယနေ့ မတ်လ ၁၂ရက်နေ့မှာတေ ာ့ စမ်းချောင်းမြို့တောင်ဘက်က ပြည်သူအင်အား ၁၅၀ ကျေ ာ်က ဇွဲမလျော့ပဲ လမ်းပေါ်ကို ပြန်လည်ထွက်လာခဲ့ပါတယ်။ ယနေ့လူထုလှုပ်ရှားမှုကြောင့် ပထမအကြိမ် ဖြိုခွဲခံရမှုမှာတော့ ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရရှိထားတဲ့အခြေအနေပါ။

 

ဒဏ်ရာရရှိသူကိုလည်း ဆေးဝါးအကူအဖွဲ့က အလျှင်အမြန်ကုသပေးတာတွေရှိနေတာလည်း ဖြစ်ပါတယ်။ ဖြိုခွဲမှုငြိမ်သက်တာနဲ့ တစ်ပြိုင်နက် လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေက လမ်းပေါ်ပြန်လည်ထွက်ရှိလာပြီး ဇွဲမလျော့ဘဲ ငြိမ်းချမ်းစွာနဲ့ ပြန်လည်ဆန္ဒထုတ်ဖော်နေတာကိုလည်း တွေ့ရပါတယ်။

 

အခုလို နိုင်ငံအရေးမှာ အင်နဲ့အားနဲ့ ပါဝင်ကာ တရားမျှတမှုရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေတဲ့ စမ်းချောင်းမြို့ တောင်ဘက်က ပြည်သူတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတ ယ်။

crd#orignail writer