Knowledge

လူတယောက် တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့တစ်လ ကို ၅ သောင်းသုံးတယ် သူတလကို ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ ဘာလုပ်မလဲ?

လူတယောက် တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့တစ်လ ကို ၅ သောင်းသုံးတယ် သူတလကို ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ ဘာလုပ်မလဲတဲ့

ကိုယ် ချက်ခြင်းဖြေခဲ့တယ် အသုံးစားရိတ်ကို တဝက်လျှော့ သုံးမှာပေါ့လို့ သူ ရိတယ် အာ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူးတဲ့ ဟင်! ဒါဆိုဘယ်လိုတွေးရမလဲ ဆိုတော့

တလကို ၅ သောင်း အသုံးစားရိတ်ရှိနေရင် ငါအမြဲဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ တွေးပေါ့တဲ့လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့

ဟင်! စောစောကပြောတော့ ဝင်ငွေက တဝက် ကျသွားတာဆို ဆိုတော့ သူ ထပ်ရီတယ် ။အင်းလေ ဒီစီးပွါးက ငွေဝင်နဲရင် အခြားတခုနဲ့ ခုဖို့ကြံပေါ့

အချိန်တိုင်း ကြံစည်နေရမှာပဲလေ လူဆိုတာ မွေးစကနေ သေသည်အထိ ပြေးလမ်းပေါ်မှာပြေးနေသလိုပဲပူလောင်လိုက်တာ မပြောနဲ့နော်

အေးချမ်းချင်ရင် တရားရိပ်ခိုလိုက်ပေါ့ တဲ့ အဲဒီ လူဟာ အသက် ၂၃ နှစ်မှာ စက်လှေအစီး ၈၀ ပိုင်တဲ့Company ရဲ့ Director ဖြစ်နေပြီ ။သူငယ်စဉ်က သူ့မိသားစုဟာ စက်လှေ ၁ စီးထဲနဲ့ငါးဖမ်းလုပ်ငန်း လုပ်ခဲ့သူတွေပါ။

သူ့ဘဝမှာ ရုပ်ရှင်ရုံလဲမသိဘူးပန်းခြံလဲ မသိဘူးအချစ်ကိုလဲ ဦးစားမပေးခဲ့ဘူးအလုပ်ချိန် ချစ်သူကိုသတိရမိရင်တောင်မင်းကြောင့် ငါအာရုံစိုက်မရ ဖြစ်တယ်ကွဆိုပြီး လှမ်းဆဲတတ်တဲ့ သူမျိုး

သူ့မှာ လူငယ်ဘဝလဲ ဆုံးရှုံးတယ်။ ဒီတော့ပျော်စရာဆိုတာ မရှိသလောက်ပဲ။ဒီတော့ ကိုယ်ကမေးတယ် ဒီလို နေရတာ ပျော်ရဲ့လားဘဝက ဘာအဓိပ္ပါယ်ရှိမလဲဆိုတော့ ..

အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားပေးနိုင်တယ် ဆင်းရဲသူတွေကို ပေးနိုင်လှုနိုင်တယ် မကျန်းမာတဲ့အခါ ကုသပေးနိုင်တယ်

ဆွေတွေမျိုးတွေကို ထောက်ပံ့ပေးနိုင်တယ် တနေ့ သား သမီး ရှိလာရင်ပြည့်စုံမှု ပေးနိုင်တယ်လေငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆိုအတ္တကြီးရာ ကျတာပေါ့တဲ့။

ဘဝမှာ တခုပဲရမယ် .အောင်မြင်မှုလား? အေးချမ်းမှုလား? နှစ်ခုလုံးမလိုချင်နဲ့လေတဲ့

ဒီလူ့နှယ် အူကြောင်ကြောင်တွေးလိုက်တာလို့ ကိုယ်တွေးခဲ့ဘူးတယ် ဒါပေမယ့် ကြာလာလေ သဘောပေါက်လာလေပဲ….

ထမင်းကြမ်းကို ယပ်ခပ်စားရတာ ပြသနာ မဟုတ်ပေမယ့်ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာထိုင်ကြည့်ရတဲ့အခါတော့အတော့် ကို နာကျင်ရတယ်

သူများစားရင် ကျွေးချင်တယ်..သူများဝတ်ရင် ဆင်ချင်တယ်…သူများပေးရင် ကိုယ်လဲပေးချင်တယ်.ဒါဟာ လောဘ ဆို ဟုတ်တယ် ကိုယ် သိပ်လောဘကြီးတာပဲ….

ဒါဟာ..ကိုယ်တိုင်လုပ်မှသာရတဲ့တရားမျှတသောလောဘ..လို့

Credit