Celebrity News

အလှူလုပ်ဖို့အတွက် စျေးမှာကြက်သွန်သွားဝယ်ရင်း အလကားပေးလိုက်တဲ့ဆိုင်ရှင်ကြောင့် အရမ်းဝမ်းသာသွားရတဲ့ စူးရှထက်

အလှူလုပ်ဖို့အတွက် စျေးမှာကြက်သွန်သွားဝယ်ရင်း အလကားပေးလိုက်တဲ့ဆိုင်ရှင်ကြောင့် အရမ်းဝမ်းသာသွားရတဲ့ စူးရှထက်

Modelတစ်ယောက်အဖြစ် အနုပညာလောကမှာရပ်တည်နေတဲ့ စူးရှထက်ကတော့ လက်ရှိအခြေအနေမှာဆိုရင်သူမပါ ဝင်နိုင်တဲ့နေရာကနေ တစ်တပ်တစ်အားပူးပေါင်းလှုပ်ရှားနေတာပဲဖြစ်ပါတယ်။

 

စူးရှထက်က သူမကြိုးစားရှာဖွေပြီး စုဆောင်းထားတဲ့ပိုက်ဆံတွေနဲ့ အခုချိန်မှာ တတ်နိုင်သလောက်လှူဒါန်းနေတာဖြစ်ပါတယ် လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ အားတက် သရော ပါဝင်နေကြတဲ့ ပြည်သူတွေအတွက်လည်း သူမက အဟာရပြည့်ဝမယ့်အစားအသောက်တွေကို စေတနာအပြည့်နဲ့ လိုက်ဝေပေးနေတာဖြစ်ပါတယ်။

 

စူးရှထက်က နေ့ဘက်မှာဆိုလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်သလို ညဆိုလည်းသံပုံးတီးပြီး အမှန်တရားအတွက် ရဲရင့်စွာ ရင်ဆိုင်နေတာဖြစ်ပါတယ်ဒါ့ကြောင့်မှလို့ ပြည်သူတွေနဲ့တစ်သားတည်းရှိနေတဲ့ သူမကို ပရိသတ်တွေကပိုပြီးချစ်နေကြတာဖြစ်ပါတယ်။

 

လတ်တ လောမှာဆိုရင်တော့ သူမက အလှူတွေကို နေ့တိုင်းလုပ် ဆောင်ပြီးအခုလိုကာလမှာ အများအကျိုးအတွက်သယ် ပိုးဆောင်ရွက်နေတာဖြစ်ပါတယ် အခုဆိုရင်လည်း စူးရှထက်ကအလှူလုပ်ဖို့အတွက် စျေးမှာကြက်သွန်သွားဝယ်ရင်း ဆိုင် ရှင်အစ်မကြီးက အကုန်လုံးအလကားပေးလိုက်တာ ဖြစ်ပါတ ယ်။

 

အခုလိုအချိန်မျိုးမှာ ပြည်သူတွေကလည်း သဒ္ဒါတရားထက် သန်ကြပြီး မိမိတတ်နိုင်သလောက်ကိုပါဝင်အားဖြည့်ကြတာဖြစ်ပါတယ် စူးရှထက်က စျေးပဲလျော့ခိုင်းတာကို ကြက်သွန်တွေအလ ကားပေးလိုက်တဲ့ ဆိုင်ရှင်ရဲ့အလှူလေးကြောင့် အ ရမ်းပီတိဖြစ်ပြီး

သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေလည်း သာ ဓုခေါ်လို့ရအောင်မျှဝေလာတာဖြစ်ပါတယ်။ပြည်သူလူထုက တော့ ဘယ်အရာမဆို အရမ်းစည်းလုံးကြပြီး အလှူအတန်းဆိုလည်းရက်ရောကြလို့ မြန်မာလူမျိုးတွေရဲ့စိတ်ထားက လေးစားစရာကောင်းလှပါတယ်။

crd#orignail writer

zaw gi

အလႉလုပ္ဖို႔အတြက္ ေစ်းမွာၾကက္သြန္သြားဝယ္ရင္း အလကားေပးလိုက္တဲ့ဆိုင္ရွင္ေၾကာင့္ အရမ္းဝမ္းသာသြားရတဲ့ စူးရွထက္

Modelတစ္ေယာက္အျဖစ္ အႏုပညာေလာကမွာရပ္တည္ေနတဲ့ စူးရွထက္ကေတာ့ လက္ရိွအေျခအေနမွာဆိုရင္သူမပါ ဝင္ႏိုင္တဲ့ေနရာကေန တစ္တပ္တစ္အားပူးေပါင္းလႈပ္ရွားေနတာပဲျဖစ္ပါတယ္။

 

စူးရွထက္က သူမႀကိဳးစားရွာေဖြၿပီး စုေဆာင္းထားတဲ့ပိုက္ဆံေတြနဲ႔ အခုခ်ိန္မွာ တတ္ႏိုင္သေလာက္လႉဒါန္းေနတာျဖစ္ပါတယ္ လမ္းေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြမွာ အားတက္ သေရာ ပါဝင္ေနၾကတဲ့ ျပည္သူေတြအတြက္လည္း သူမက အဟာရျပၫ့္ဝမယ့္အစားအေသာက္ေတြကို ေစတနာအျပၫ့္နဲ႔ လိုက္ေဝေပးေနတာျဖစ္ပါတယ္။

 

စူးရွထက္က ေန့ဘက္မွာဆိုလည္း လူထုလႈပ္ရွားမႈေတြမွာ ပါဝင္သလို ညဆိုလည္းသံပံုးတီးၿပီး အမွန္တရားအတြက္ ရဲရင့္စြာ ရင္ဆိုင္ေနတာျဖစ္ပါတယ္ဒါ့ေၾကာင့္မွလို႔ ျပည္သူေတြနဲ႔တစ္သားတည္းရိွေနတဲ့ သူမကို ပရိသတ္ေတြကပိုၿပီးခ်စ္ေနၾကတာျဖစ္ပါတယ္။

 

လတ္တ ေလာမွာဆိုရင္ေတာ့ သူမက အလႉေတြကို ေန့တိုင္းလုပ္ ေဆာင္ၿပီးအခုလိုကာလမွာ အမ်ားအက်ိဳးအတြက္သယ္ ပိုးေဆာင္ရြက္ေနတာျဖစ္ပါတယ္ အခုဆိုရင္လည္း စူးရွထက္ကအလႉလုပ္ဖို႔အတြက္ ေစ်းမွာၾကက္သြန္သြားဝယ္ရင္း ဆိုင္ ရွင္အစ္မႀကီးက အကုန္လံုးအလကားေပးလိုက္တာ ျဖစ္ပါတ ယ္။

 

အခုလိုအခ်ိန္မ်ိဳးမွာ ျပည္သူေတြကလည္း သဒၵါတရားထက္ သန္ၾကၿပီး မိမိတတ္ႏိုင္သေလာက္ကိုပါဝင္အားျဖၫ့္ၾကတာျဖစ္ပါတယ္ စူးရွထက္က ေစ်းပဲေလ်ာ့ခိုင္းတာကို ၾကက္သြန္ေတြအလ ကားေပးလိုက္တဲ့ ဆိုင္ရွင္ရဲ့အလႉေလးေၾကာင့္ အ ရမ္းပီတိျဖစ္ၿပီး

သူမရဲ့လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ပရိသတ္ေတြလည္း သာဓုေခၚလို႔ရေအာင္မ်ွေဝလာတာျဖစ္ပါတယ္။ျပည္သူလူထုက ေတာ့ ဘယ္အရာမဆို အရမ္းစည္းလံုးၾကၿပီး အလႉအတန္းဆိုလည္းရက္ေရာၾကလို႔ ျမန္မာလူမ်ိဳးေတြရဲ့စိတ္ထားက ေလးစားစရာေကာင္းလွပါတယ္။

crd#orignail writer