Cooking Knowledge

အထောင်းနည်းလေးတွေ၊အသုပ်နည်း​လေးတွေ ပါပါတယ်ရှင့် ပုံအောက်မှာ ချက်နည်းတွေပါတယ်နော်

ယိုးဒယားကင်းမွန်ထောင်း ကင်းမွန်မျက်လုံးကိုဓါးလေးနဲ့အရာပေးပြီးထုတ် အထဲကမှင်တံလေးကိုဖယ် အရေခွံခွာဆွဲ သေချာသန့်စင်အောင်ဆေး ရေကိုရှောက်နူရွက် ပတဲကော စပါးလင်ထည့် ပွက်ပွက်ဆူအောင်အရင်တည် ဆူရင်ကင်းမွန်ထည့် အသားတင်းပြီးကျက်ရင်ဆယ် ရေအေးဆေးချ လိုသလိုလှီးထားပါ။


ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်းပါ မညက်တစ်ညက်ဆို ယိုးဒယား ထန်းညက်ပျော့ထည့်ပါ ကျေရင် ငံပြာရည်နဲနဲ ဟင်းခပ်မူန့်ပါရုံထည့် ခရမ်းချဉ်သီးလှီးထည့် ကြက်သွန်မြိတ်နံနံပင် ကုလားနံနံ သံပုရာရည်ညှစ် ယိုးဒယားငပိရည်ခပ်များများထည့်မွှေထောင်းပါ ကင်းမွန်ထည့်နာနာလေးမွှေထောင်းမယ် ရပါပြီနော် မုန့်တီဖတ် ကြိုက်ရာအသီးရွက်နဲ့တွဲစားပါရှင်။

မရမ်းသီးငပိထောင်းပါဝင်ပစ္စည်းတွေကတော့မရမ်းသီး ငရုတ်သီးစိမ်းပုဇွန်ခြောက်အမှုန် ပုဇွန်ခြောက်အကောင်ကြက်သွန်ဖြူ စိမြးစားငပိ။


မရမ်းသီးကို ခွဲပြီး အစေ့ထုတ်ဆားဖြင့်ဆေးထား ရေစစ်ထားပါ။ ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးပြီး ရေထပ်ထည့်ပြုတ်ထားပါ။ ငရုတ်သီးစိမ်းရေဖြင့် ပြုတ်ရခြင်းမှာ ဗိုက်မနာ ဗိုက်မအောက့် ဝမ်းမသွားရန် ပြုတ်ရခြင်းဖြစ်ပါတယ်။စိမ်းစားငပိ(မျှင်ငပိ)ကင်ထားပါ။

ပထမဦးဆုံး မရမ်းသီးကို ပုဇွန်ခြောက် အမှုန့်ထည့်ပြီး တူတူရောထောင်း။ မရမ်းသီးနဲ့ ပုဇွန်ခြောက် ရောထောင်းရခြင်းမှာ မရမ်းသီးက ထောင်းရင်းနဲ့ အရည်လေးတွေ ထွက်လာရင် မျက်လုံးမစင်အောင်လို့ ပုဇွန်ခြောက် အမှုန့်နဲ့ ရောထောင်းပေးခြင်းဖြစ်ပါတယ်ရှင်။ ပြီးရင်ကြက်သွန်ဖြူထည့်ထောင်းပေးပါ။


ပုဇွန်ခြောက် အကောင်လေးတွေ ထည့်ထောင်းပေးပါ။ စိမ်းစားငပိကင် ထည့်ထောင်းပါ။ ကြိတ်ထားတဲ့ ငရုတ်သီးစိမ်း အပြုတ် ထည့်ထောင်းပေးပါ။
အားလုံး နှံ့အောင် ထောင်းပြီးရင် အရသာမြည်း ကြည့်ပါရှင်။

ဆားမထည့်ရပါရှင်။ စိမ်းစားငပိနဲ့ ပုဇွန်ခြောက်မှာ အငံအရသာ အချိုအရသာ ပါသောကြောင့်ဖြစ်ပါတယ်ရှင်။

ကြက်‌ခြေထောက်ယိုးဒယားထောင်းရေကို စပါးလင် ရှောက်နူရွက် ပတဲကော ခရုဆီပါရုံလေးထည့်ပြီးပြုတ်ပါ နူးရင်ဆယ်ပြီးရေအေးဆေးချပါ မပြုတ်ပဲ ‌ပေါင်းမယ်ဆိုအပေါ်ကဇကာတင်ပြီးပေါင်းရုံပါနော်။

ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်း မညက်တစ်ညက်ဆို ထန်းညက်‌ပျော့(သို့)သကြားထည့်ခရမ်းချဉ်သီးထည့်ထောင်း ငံပြာရည်နဲနဲ အရသာမူန့်ပါရုံ သံပုရာရည်ညှစ် ယိုးဒယားငပိရည်ခပ်များများ နံနံပင်ကုလားနံနံကြက်သွန်မြိတ်ထည့်ထောင်းကြက်‌ခြေ‌ထောက်ထည့်ပြီးနာနာအရသာဝင်အောင်မွှေထောင်းလိုက်ရင် ရပါပြီ။

သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။

ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။

မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။

ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။

ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။

သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။

သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။

 

စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။

စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေးလုပ်စားကြရအောင်နော်..။ပြောင်းဖူးထောင်းပထမဆုံးပြောင်းဖူးကိုနူးအောင်ပြုတ်ပါ။ပုစွန်ကိုခေါင်းချိုး ၊အခွံခွာပြီး ဆား၊သံပုရာရည်လေးအနည်းငယ်နှင့်နှပ်ထားပါ။

ငါးအသေးလေးတွေကိုအရသာနယ်ပြီးဂျုံ မှုန့်လေးကပ်လူးကာအကြွပ်ကြော်ပါ။ငရုတ်ဆုံထဲ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတွေထည့်ထောင်းပါ။

ထန်းလျက်၊ငါးပိအနည်းငယ်ထည့်ပြီးဖိချေပါ။သကြား၊ငါးငံပြာရည်၊သံပုရာရည်ညှစ်ချပြီးအရသာဖြည့်စွက်ပါ။သံပုရာသီးအခွံတွေပါထည့်ပါ။

သခွားသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ်၊ပြောင်းဖူးတို့ကိုမိမိနှစ်သက်သလိုလှီးထည့်ပါ။နှပ်ထားတဲ့ပုစွန်အစိမ်းတွေထည့်မွှေပါ။ငါးအကြွပ်ကြော်လေးတွေနှင့်တွဲဖက်စားပါ။

ချို ၊ ချဉ်၊ ငံ၊ စပ်အရသာကရာသီဥတုနဲ့လိုက်ဖက်လှပါတယ်။

Credit. Original