Articles

မနက္ေဈးဆိုင္သိမ္းၿပီး အိမ္ျပန္ခ်ိန္အဖမ္းခံရသည့္ အမ်ိဳးသမီးကို Facebook တြင္ share ထားေသာ ပို႔စ္မ်ားၾကည့္ၿပီး တရားစြဲ..

မနက္ေဈးဆိုင္သိမ္းၿပီး အိမ္ျပန္ခ်ိန္အဖမ္းခံရသည့္ အမ်ိဳးသမီးကို Facebook တြင္ share ထားေသာ ပို႔စ္မ်ားၾကည့္ၿပီး တရားစြဲ..

ျမစ္ႀကီးနား ၊စီတာပူရပ္ကြက္ မနက္ ေဈးဆိုင္သိမ္းၿပီး ျပန္လာသည့္ မဆိုင္းပန္ကို မတ္လ ၇ ရက္ ေန႕ နံနက္ ၁၀ နာရီခြဲခ်ိန္ အရပ္၀တ္ျဖင့္ လူ ၃ ဦးက ဖမ္းဆီးခဲ့‌ ေၾကာင့္ သိရသည္။လက္ရွိအခ်ိန္တြင္ သူမကို..



အမွတ္ ၁ ရဲစခန္းတြင္ ထိန္းသိမ္းထားၿပီး ပုဒ္မ ( ၅၀၅) က ျဖင့္ တရားစြဲထား ေၾကာင္းသိရသည္။” Facebook မွာ share ထားတဲ့ ပို႔စ္ေတြကိုၾကည့္ၿပီး တရားစြဲထားတာတဲ့။ အခ်ဳပ္ခန္းမွာ မိန္းကလးတစ္ေယာက္ထဲ..

အိပ္ရတာ။ ကြၽန္မညီမက ဆႏၵျပသြားတာလည္းမဟုတ္ပါဘူး” ဟု မဆိုင္းပန္အစ္မကေျပာသည္။ဆက္လက္ၿပီး ဖမ္းဆီးခံခဲ့ရသည့္ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အစ္မျဖစ္သူက ယခုကဲ့သို႔ရွင္းျပေျပာဆိုသည္။..



” ကြၽန္မနဲ႕အတူဟုတ္တယ္ ကြၽန္မ ညီမက ဆိုင္ေသာ့ ခတ္ေနေတာ့ ေနာက္မွထြက္လာခ်ိန္ ရဲတစ္‌ ေယာက္က အရင္တားတယ္ ဘယ္သြားမလို႔လဲ ေပါ့ ညီမကဆိုင္သိမ္းၿပီးျပန္လာတယ္ ေပါ့။ ေဘးနားကဆိုင္ေတြလည္း.

ေထာက္လွ်ာက္သိမ္း ေတာ့ သူတို႔လည္း ေျပာေပးၾကတယ္ အဲဒီခ်ိန္ ရဲကသြားသြားလို႔ ေျပာလိုက္ ေတာ့ ဘက္ထရီဘီးနဲ႕ ၃ လမ္းေလာက္သြားတဲ့ခ်ိန္ အရပ္၀တ္ ၃ ေယာက္က ေက်ာပိုးအိတ္ကိုေဆာင့္ဆြဲၿပီးမွ..



ဖုန္း ေတြစစ္ၿပီး ဖမ္းသြားတာ ” ဟု ဖမ္းဆီးခံရသူ မဆိုင္းပန္ အစ္မက ေျပာသည္။မဆိုင္းပန္သည္ အျပင္ပုဂၢလိက ေဆး၀န္ထမ္း တစ္ဦးလည္းျဖစ္ ေၾကာင္းသိရသည္။..

ယူနီကုဒ်ဖြင့် ဖတ်ရန်



မနက်ဈေးဆိုင်သိမ်းပြီး အိမ်ပြန်ချိန်အဖမ်းခံရသည့် အမျိုးသမီးကို Facebook တွင် share ထားသော ပို့စ်များကြည့်ပြီး တရားစွဲ..

မြစ်ကြီးနား ၊စီတာပူရပ်ကွက် မနက် ဈေးဆိုင်သိမ်းပြီး ပြန်လာသည့် မဆိုင်းပန်ကို မတ်လ ၇ ရက် နေ့ နံနက် ၁၀ နာရီခွဲချိန် အရပ်ဝတ်ဖြင့် လူ ၃ ဦးက ဖမ်းဆီးခဲ့‌ ကြောင့် သိရသည်။လက်ရှိအချိန်တွင် သူမကို..



အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပုဒ်မ ( ၅၀၅) က ဖြင့် တရားစွဲထား ကြောင်းသိရသည်။” Facebook မှာ share ထားတဲ့ ပို့စ်တွေကိုကြည့်ပြီး တရားစွဲထားတာတဲ့။ အချုပ်ခန်းမှာ မိန်းကလးတစ်ယောက်ထဲ..

အိပ်ရတာ။ ကျွန်မညီမက ဆန္ဒပြသွားတာလည်းမဟုတ်ပါဘူး” ဟု မဆိုင်းပန်အစ်မကပြောသည်။ဆက်လက်ပြီး ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အစ်မဖြစ်သူက ယခုကဲ့သို့ရှင်းပြပြောဆိုသည်။..



” ကျွန်မနဲ့အတူဟုတ်တယ် ကျွန်မ ညီမက ဆိုင်သော့ ခတ်နေတော့ နောက်မှထွက်လာချိန် ရဲတစ်‌ ယောက်က အရင်တားတယ် ဘယ်သွားမလို့လဲ ပေါ့ ညီမကဆိုင်သိမ်းပြီးပြန်လာတယ် ပေါ့။ ဘေးနားကဆိုင်တွေလည်း.

ထောက်လျှာက်သိမ်း တော့ သူတို့လည်း ပြောပေးကြတယ် အဲဒီချိန် ရဲကသွားသွားလို့ ပြောလိုက် တော့ ဘက်ထရီဘီးနဲ့ ၃ လမ်းလောက်သွားတဲ့ချိန် အရပ်ဝတ် ၃ ယောက်က ကျောပိုးအိတ်ကိုဆောင့်ဆွဲပြီးမှ..

ဖုန်း တွေစစ်ပြီး ဖမ်းသွားတာ ” ဟု ဖမ်းဆီးခံရသူ မဆိုင်းပန် အစ်မက ပြောသည်။မဆိုင်းပန်သည် အပြင်ပုဂ္ဂလိက ဆေးဝန်ထမ်း တစ်ဦးလည်းဖြစ် ကြောင်းသိရသည်။