Knowledge

အခုသင့်နားက ချစ်သူမှာ ဒီအချက် ၄ ချက် ရှိရင် လက်လွှတ်မခံလိုက်နဲ့နော်

အခုသင့်နားက ချစ်သူမှာ ဒီအချက် ၄ ချက် ရှိရင် လက်လွှတ်မခံလိုက်နဲ့နော်

မိန်းကလေး တယောက်က သင့်ကို တကယ် ချစ်မိသွားပြီ ဆိုရင် သစ္စာ ဆိုတာ သင်မတောင်းလည်း သူ့ဖက်ကနေ ပေးပြီးသားပါ ။

သစ္စာရှိပြီး ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်တဲ့ ချစ်သူကို သင်ပိုင်ဆိုင်ထားတာကြောင့် သင်အရမ်း ကံကောင်း ပါတယ်။

တကယ်လို့ သင့် ချစ်သူ ဟာ အခုဖော်ပြပေးတဲ့ အချက် တော်တော် များများနဲ့ ကိုက်ညီနေ ရင်တော့ သင့်အပေါ် အရမ်းချစ်ပြီး ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်တော့ပါဘူး ။

၁။ ရည်းစား ရှိတာကို ယောကျ်ားလေး တွေရှေ့မှာ ဖုံးကွယ်မထားဘူး

သူများတွေ၊ အထူးသဖြင့် ယောကျ်ားလေး တွေက သူ့ကို ရည်းစား ရှိလားလို့ မေးတဲ့ အခါမျိုးမှာ ရှိတယ်လို့ ပြတ်ပြတ် သားသား ပြောပြရဲတဲ့အပြင် ဘယ်သူ ဘယ်ဝါလို့ ပြောဖို့တောင် ဝန်မလေးတဲ့ သူပါ။

ဒီလို ပြောလိုက်ခြင်းဖြင့် သူ့ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးစေတဲ့ အပြင် သူ့ကို တခြားကောင်လေး တွေ မကြိုက်တော့မှာမှန်း သူကောင်းကောင်း သိပါတယ်။

ဒါကြောင့် သင့် ချစ်သူ က သင်နဲ့ သူရဲ့ပတ်သက်မှုကို အခြားယောကျ်ားလေးတွေရှေ့မှာ ဘယ်တော့မှ မဖုံးကွယ်ဘူး ဆိုရင် သင့်အပေါ် အရမ်းသစ္စာရှိလို့ဆိုတာကို သဘောပေါက် လိုက်ပါ။

၂။ သင့်ကို လျှို့ဝှက် ထားတာမရှိဘူး

သင့် ချစ်သူ ဟာ သင့်ကို ဘာမှ လျှို့ဝှက် ထားမှာ မဟုတ်ပါဘူး။

သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ အတွင်းရေး ကိစ္စတွေကအစသင့်ကိုတိုင်ပင်တယ်၊ ရင်ဖွင့်တယ်၊ သူနဲ့ ပတ်သက်ပြီး သင် မသိတာ မရှိသလောက်ကို လျှို့ဝှက်ချက် ကင်းသူ တစ်ယောက် ဖြစ်ပါတယ်။

သူ့ဖုန်း ကို အချိန်မရွေးယူကြည့်လည်း ပြဿနာ ဖြစ်စရာတစ်ကွက်မှ ရှိမနေတတ်တဲ့ သူမျိုးပါ။ ဒါဟာ သူတော်တော် သစ္စာ ရှိတယ်ဆိုတာ မြင်နိုင်တဲ့ အချက်ပါ။

၃။ သင့်ကို စိတ်ထဲအမြဲထားတယ်

သစ္စာ ရှိတဲ့ မိန်းကလေး တွေဆိုတာ ချစ်သူ အနားမှာ အမြဲရှိချင်မှ ရှိနိုင်မယ်။

ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာ ချစ်သူ ကို အမြဲထားတတ်ကြပါတယ်။

ချစ်သူ ရှေ့မှာပဲဖြစ်ဖြစ်၊ ချစ်သူ ကွယ်ရာမှာပဲဖြစ်ဖြစ် ချစ်သူ စိတ်ညစ်မယ့် အရာတွေကို မလုပ်ကြပါဘူး။

သူတို့ရဲ့စိတ်ထဲမှာ ချစ်သူကို အပြည့်အဝ နေရာပေးထားတာကြောင့် တခြားသူတွေ အတွက် နေရာ မရှိတော့ပါဘူး။

၄။ ဂရုစိုက်တယ်

သစ္စာ ရှိတဲ့ မိန်းကလေး တွေဟာ ချစ်သူ ကို အရမ်း ဂရုစိုက်တတ် ကြပါတယ်။ ချစ်သူ အတွက် စားစရာလေးတွေ လုပ်ပေးတာမျိုး၊တိုလီမုတ်စလေးတွေ ဝယ်ပေးတာမျိုးတွေ ခဏခဏ လုပ်တတ်ကြပါတယ်။

ချစ်သူ နေမကောင်းတဲ့ အခါတွေ မှာလည်း အရမ်းကို ကြင်နာဂရုစိုက်တတ် ကြပါတယ်။

ချစ်သူကို စိတ်ပူပြီး အမြဲ တတွတ်တွတ်နဲ့ စကားတွေ မှာနေတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။

Original Writer

Zawgyi

အခုသင့္နားက ခ်စ္သူမွာ ဒီအခ်က္ ၄ ခ်က္ ရွိရင္ လက္လႊတ္မခံလိုက္နဲ႔ေနာ္

မိန္းကေလး တေယာက္က သင့္ကို တကယ္ ခ်စ္မိသြားၿပီ ဆိုရင္ သစၥာ ဆိုတာ သင္မေတာင္းလည္း သူ႔ဖက္ကေန ေပးၿပီးသားပါ ။

သစၥာရွိၿပီး ဘယ္ေတာ့မွ ေဖာက္ျပန္မွာ မဟုတ္တဲ့ ခ်စ္သူကို သင္ပိုင္ဆိုင္ထားတာေၾကာင့္ သင္အရမ္း ကံေကာင္း ပါတယ္။

တကယ္လို႔ သင့္ ခ်စ္သူ ဟာ အခုေဖာ္ျပေပးတဲ့ အခ်က္ ေတာ္ေတာ္ မ်ားမ်ားနဲ႔ ကိုက္ညီေန ရင္ေတာ့ သင့္အေပၚ အရမ္းခ်စ္ၿပီး ဘယ္ေတာ့မွ သစၥာေဖာက္မွာ မဟုတ္ေတာ့ပါဘူး ။

၁။ ရည္းစား ရွိတာကို ေယာက်္ားေလး ေတြေရွ႕မွာ ဖုံးကြယ္မထားဘူး

သူမ်ားေတြ၊ အထူးသျဖင့္ ေယာက်္ားေလး ေတြက သူ႔ကို ရည္းစား ရွိလားလို႔ ေမးတဲ့ အခါမ်ိဳးမွာ ရွိတယ္လို႔ ျပတ္ျပတ္ သားသား ေျပာျပရဲတဲ့အျပင္ ဘယ္သူ ဘယ္ဝါလို႔ ေျပာဖို႔ေတာင္ ဝန္မေလးတဲ့ သူပါ။

ဒီလို ေျပာလိုက္ျခင္းျဖင့္ သူ႔ရဲ႕ ဂုဏ္သိကၡာ ကို ထိပါးေစတဲ့ အျပင္ သူ႔ကို တျခားေကာင္ေလး ေတြ မႀကိဳက္ေတာ့မွာမွန္း သူေကာင္းေကာင္း သိပါတယ္။

ဒါေၾကာင့္ သင့္ ခ်စ္သူ က သင္နဲ႔ သူရဲ႕ပတ္သက္မႈကို အျခားေယာက်္ားေလးေတြေရွ႕မွာ ဘယ္ေတာ့မွ မဖုံးကြယ္ဘူး ဆိုရင္ သင့္အေပၚ အရမ္းသစၥာရွိလို႔ဆိုတာကို သေဘာေပါက္ လိုက္ပါ။

၂။ သင့္ကို လွ်ိဳ႕ဝွက္ ထားတာမရွိဘူး

သင့္ ခ်စ္သူ ဟာ သင့္ကို ဘာမွ လွ်ိဳ႕ဝွက္ ထားမွာ မဟုတ္ပါဘူး။

သူ႔ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြ၊ အတြင္းေရး ကိစၥေတြကအစသင့္ကိုတိုင္ပင္တယ္၊ ရင္ဖြင့္တယ္၊ သူနဲ႔ ပတ္သက္ၿပီး သင္ မသိတာ မရွိသေလာက္ကို လွ်ိဳ႕ဝွက္ခ်က္ ကင္းသူ တစ္ေယာက္ ျဖစ္ပါတယ္။

သူ႔ဖုန္း ကို အခ်ိန္မေ႐ြးယူၾကည့္လည္း ျပႆနာ ျဖစ္စရာတစ္ကြက္မွ ရွိမေနတတ္တဲ့ သူမ်ိဳးပါ။ ဒါဟာ သူေတာ္ေတာ္ သစၥာ ရွိတယ္ဆိုတာ ျမင္ႏိုင္တဲ့ အခ်က္ပါ။

၃။ သင့္ကို စိတ္ထဲအၿမဲထားတယ္

သစၥာ ရွိတဲ့ မိန္းကေလး ေတြဆိုတာ ခ်စ္သူ အနားမွာ အၿမဲရွိခ်င္မွ ရွိႏိုင္မယ္။

ဒါေပမယ့္ သူ႔ရဲ႕စိတ္ထဲမွာ ခ်စ္သူ ကို အၿမဲထားတတ္ၾကပါတယ္။

ခ်စ္သူ ေရွ႕မွာပဲျဖစ္ျဖစ္၊ ခ်စ္သူ ကြယ္ရာမွာပဲျဖစ္ျဖစ္ ခ်စ္သူ စိတ္ညစ္မယ့္ အရာေတြကို မလုပ္ၾကပါဘူး။

သူတို႔ရဲ႕စိတ္ထဲမွာ ခ်စ္သူကို အျပည့္အဝ ေနရာေပးထားတာေၾကာင့္ တျခားသူေတြ အတြက္ ေနရာ မရွိေတာ့ပါဘူး။

၄။ ဂ႐ုစိုက္တယ္

သစၥာ ရွိတဲ့ မိန္းကေလး ေတြဟာ ခ်စ္သူ ကို အရမ္း ဂ႐ုစိုက္တတ္ ၾကပါတယ္။ ခ်စ္သူ အတြက္ စားစရာေလးေတြ လုပ္ေပးတာမ်ိဳး၊တိုလီမုတ္စေလးေတြ ဝယ္ေပးတာမ်ိဳးေတြ ခဏခဏ လုပ္တတ္ၾကပါတယ္။

ခ်စ္သူ ေနမေကာင္းတဲ့ အခါေတြ မွာလည္း အရမ္းကို ၾကင္နာဂ႐ုစိုက္တတ္ ၾကပါတယ္။

ခ်စ္သူကို စိတ္ပူၿပီး အၿမဲ တတြတ္တြတ္နဲ႔ စကားေတြ မွာေနတတ္တဲ့ သူေတြလည္း ျဖစ္ပါတယ္။

Original Writer