News

ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကပါဝင်တဲ့ မဇာခြည်လင်း ကွယ်လွန်

ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကပါဝင်တဲ့ မဇာခြည်လင်း သွေးကင်ဆာရောဂါနဲ့ကွယ်လွန်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာဗိုလ်ချုပ်ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နေရာက ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်မဇာခြည်လင်းဟာ ဒီကနေ့ဒီဇင်ဘာ ၁၀ရက်ညနေ ၃နာရီဝန်းကျင်မှာ သွေးကင်ဆာရောဂါနဲ့ကွယ်လွန်သွားတယ်လို့မိသားစုဝင်တွေကပြောပါတယ်။

” လည်ချောင်းမှာအနာဖြစ်ပြီး အစားအသောက်မစားနိုင်တော့ဘူး။ အစားပိုက်သွင်းလုပ်ရင်းနဲ့ အာဟာရပြတ်တာနောက်ဆုံးတော့၊ ဒီနေ့ပုသိမ်ဆေးရုံမှာပဲ ဆုံးသွားတာပါ” လို့မဇာခြည်လင်းရဲ့ ဦးလေးဖြစ်သူက ဘီဘီစီကိုပြောပါတယ်။

မဇာခြည်လင်းဟာ မူလတန်းကျောင်းအုပ်ဆရာမတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းပြီးကတည်း ကအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့ပြီး သူ့ရဲ့ ကင်ဆာရောဂါဝေဒနာကို ဆေးကုသမှုခံယူနေရသူတစ်ဦးဖြစ်တယ်လို့မိသားစုဝင်တွေကပြောပါတယ်။

Credit#ဘီဘီစီမြန်မာပိုင်း

Zawgyi

ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ ေဒၚခင္ၾကည္ေနရာကပါဝင္တဲ့ မဇာျခည္လင္း ေသြးကင္ဆာေရာဂါနဲ႕ကြယ္လြန္

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္မွာဗိုလ္ခ်ဳပ္ဇနီးျဖစ္သူ ေဒၚခင္ၾကည္ေနရာက ပါဝင္သ႐ုပ္ေဆာင္တဲ့ သ႐ုပ္ေဆာင္မဇာျခည္လင္းဟာ ဒီကေန႕ဒီဇင္ဘာ ၁၀ရက္ညေန ၃နာရီဝန္းက်င္မွာ ေသြးကင္ဆာေရာဂါနဲ႕ကြယ္လြန္သြားတယ္လို႔မိသားစုဝင္ေတြကေျပာပါတယ္။

” လည္ေခ်ာင္းမွာအနာျဖစ္ၿပီး အစားအေသာက္မစားနိုင္ေတာ့ဘူး။ အစားပိုက္သြင္းလုပ္ရင္းနဲ႕ အာဟာရျပတ္တာေနာက္ဆုံးေတာ့၊ ဒီေန႕ပုသိမ္ေဆး႐ုံမွာပဲ ဆုံးသြားတာပါ” လို႔မဇာျခည္လင္းရဲ႕ ဦးေလးျဖစ္သူက ဘီဘီစီကိုေျပာပါတယ္။

မဇာျခည္လင္းဟာ မူလတန္းေက်ာင္းအုပ္ဆရာမတစ္ေယာက္ျဖစ္ၿပီး အာဏာသိမ္းၿပီးကတည္း ကအာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာပါဝင္ခဲ့ၿပီး သူ႕ရဲ႕ ကင္ဆာေရာဂါေဝဒနာကို ေဆးကုသမႈခံယူေနရသူတစ္ဦးျဖစ္တယ္လို႔မိသားစုဝင္ေတြကေျပာပါတယ္။

Credit#ဘီဘီစီျမန္မာပိုင္း