News

KNU နှင့်အတူ PDF များ စတင်ပူးပေါင်း၍ ဝင်နွှဲနေပြီဟု တရားဝင် သတင်းထုတ်ပြန်


KNU နှင့်အတူ PDF များ စတင်ပူးပေါင်း၍ စစ်တပ်ကို တိုက်ပွဲဝင်နေပြီဟု တရားဝင် သတင်းထုတ်ပြန်၊ စစ်တပ်ဘက်မှ ၆ ဦးသေဆုံး ဒီဇင်ဘာ ၈၊

ကရင်ပြည်နယ်တွင် KNU ကရင်အမျိုးသားအစည်းအရုံးနှင့်အတူ PDF များ ပူးပေါင်းပြီး စစ်ကောင်စီစစ်တပ်ကို တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း KNU ဗဟိုက တရားဝင် ယနေ့ သတင်းထုတ်ပြန်သည်

ဒီဇင်ဘာလ ၆ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖြစ်သည့် ခမရ – ၄၀၇ ၏ စစ်ကြောင်းတစ်ကြောင်းသည် မထောကျေးရွာသို့ စတင်ထွက်ခွာလာရြာေ

မနီကုန်းနှင့်ထီးဂေလိုကြားအရောက်တွင် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ လက်အောက်ရှိတပ်သားများမှ ဆွဲမိုင်းဖြင့်ကြားဖြတ်တိုက်ခိုက်ရာ

အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဘက်မှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း၊ ထိုနေ့တစ်ရက်တည်းမှာပင် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် PDF များပူးပေါင်းကာ

ညနေ ၂ နာရီ ၃၀ မိနစ်အချိန်ခန့် အဆိုပါ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းကိုပင် ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်ရာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ၄ ဦးသေဆုံး၍ ၆ ဦးဒဏ်ရာရရှိသွားကြောင်းနှင့်

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း KNU ဗဟိုဘက်က ထုတ်ပြန်ထားသော သတင်းအရ

သိရှိရသည်အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖလပ်ခိုဒေသအတွင်း နယ်မြေလုံခြုံရေးယူနေသည့် KNLA ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်သည်

အာဏာသိမ်းစစ်ကောင်စီတပ်၏ အတည်မပြုနိုင်သည့် တပ်ရင်းနှင့် ဖလပ်ခို-ကူဒေးဒေသတွင်တစ်ကြိမ်၊ ဝါကလေတူဒေသတွင်တစ်ကြိမ် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီ၏တပ်ဘက်မှ

ထိခိုက်သေဆုံးမှုကိုအတိအကျမသိရှိရသော်ငြားလည်း တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဉ် အာဏာသိမ်းစစ်ကောင်စီတပ်၏ DBး ကျန်ရှိသွားကြောင်း သိရှိရသည်
Credit