News

ငယ်စဥ်ကအပေါင်းအသင်းများကြားတွင် သိမ်ငယ်နေခဲ့ရသူအဖြစ်မှ လေ့လာကြိုးစားမှုတို့ကြောင့် သိပ္ပံပညာရှင်တစ်ဦးဖြစ်လာကာ လူအများက လေးစားရသူဖြစ်လာခဲ့သည့် လူငယ်လေ

ငယ်စဥ်ကအပေါင်းအသင်းများကြားတွင် သိမ်ငယ်နေခဲ့ရသူအဖြစ်မှ လေ့လာကြိုးစားမှုတို့ကြောင့် သိပ္ပံပညာရှင်တစ်ဦးဖြစ်လာကာ လူအများက လေးစားရသူဖြစ်လာခဲ့သည့် လူငယ်လေး။

လူအချို့တို့သည် မွေးဖွားလာသည့်အချိန်တွင် သာမန်လူများကဲ့သို့မဟုတ်ဘဲ အားနည်းချက်အနည်းငယ်ဖြင့် မွေးဖွားလာတတ်ကြပါတယ်။

ထိုကဲ့သို့ အားနည်းချက်ဖြင့် မွေးဖွားလာသူတို့ကို အခြားသူများက အားပေးကူညီရင် ပျော်ရွင်ဖွယ်လူ့ကမ္ဘာထဲကို လက်တွဲခေါ်ရမှာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှ Pham Duc Chinh ဆိုသည့် လူငယ်လေးဟာ မွေးရာပါရုပ်ပိုင်းဆိုင်ရာပြသနာဖြင့် မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့်လူငယ်လေးဟာ လူအများ၏လှောင်ပြောင်မှုဒဏ်တို့ကို များစွာခံရပြီး ကြီးပြင်းလာခဲ့နာဖြစ်ပါတယ်။

သို့သော်လူငယ်လေးဟာ အားငယ်စိတ်မရှိဘဲ ဘဝတိုးတက်စေရေးအတွက် ကြိုးစားသင်ယူရင်း ဟနွိုင်းတက္ကသိုလ်မှတစ်ဆင့် သိပ္ပံနှင့်နည်းပညာဘွဲ့ကို ရရှိခဲ့ပြီး လှောင်ပြောင်နေသူတို့က လေးစားအားကျရသူဖြစ်လာခဲ့ပါတယ်။

Crd