News

ဖုန်းအော်ပရေတာများ ဈေးနှုန်းတက်ပါက mytel တာဝါတိုင်များနည်းတူ ပြင်းထန်စွာအရေးယူမည်ဟု ကြေညာလိုက်တဲ့ Area 21 PDFတပ်ဖွဲ့

ဖုန္းေအာ္ပေရတာမ်ား ေဈးႏႈန္းတက္ပါက mytel တာဝါတိုင္မ်ားနည္းတူ ျပင္းထန္စြာအေရးယူမည္ဟု ေၾကညာလိုက္တဲ့ Area 21 PDFတပ္ဖြဲ႕

ေဈးႏႈန္းျမႇင့္မယ့္ ဖုန္းေအာ္ပေရတာေတြကို AREA 21 Revolution Network က သတိေပး

ဖုန္းေခၚဆိုခနဲ႔ အင္တာနက္သုံးစြဲခႏႈန္းထားေတြ တိုးျမႇင့္သတ္မွတ္မယ္ဆိုရင္ ဖုန္းေအာ္ပေရတာေတြကို စစ္ေကာင္စီရဲ႕ လက္ပါးေစေတြအျဖစ္ သတ္မွတ္ၿပီး တာဝါတိုင္ေတြ ဖ်က္ဆီးမယ္လို႔ AREA 21 Revolution Network က ဒီဇင္ဘာလ ၅ ရက္ ဒီေန႔ ထုတ္ျပန္ေၾကညာပါတယ္။

ဖုန္းေျပာဆိုခနဲ႔ အင္တာနက္ႏႈန္းထားေတြ ေဈးျမႇင့္သတ္မွတ္မယ္လို႔ ေအာ္ပေရတာ ကုမၸဏီေတြက အသိေပးလာတဲ့အတြက္ ျပည္သူ႔မ်က္ႏွာကိုၾကည့္ဖို႔ ျပည္သူ႔အက်ိဳးစီးပြားအတြက္ လုပ္ကိုင္ေဆာင္ ႐ြက္ဖို႔၊

အခ်ိန္မီျပန္လည္သုံးသပ္ဖို႔နဲ႔ စစ္ေကာင္စီခိုင္းသမွ် လုပ္ကိုင္ေနရင္ Mytel တာဝါတိုင္ေတြလို ျပတ္သားစြာ အေရးယူသြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဖုန္းေအာ္ပေရတာေတြကို အခုလို သတိေပးတာက AREA 21 Revolution Network အဖြဲ႕အေနနဲ႔ ပထမဆုံးနဲ႔ ေနာက္ဆုံးအႀကိမ္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ Area 21 Revolution Netwok အဖြဲ႕ဟာ ျမန္မာႏိုင္ငံ ေဒသအသီးသီးက စစ္အာဏာရွင္ကို ေတာ္လွန္ေနတဲ့ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ စုစည္းထားတဲ့အဖြဲ႕ျဖစ္ပါတယ္။

စစ္ေကာင္စီရဲ႕ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန ၫြန္ၾကားခ်က္အရ ဖုန္းေခၚဆိုခေတြနဲ႔ အင္တာနက္သုံးစြဲခေတြ မၾကာခင္ေျပာင္းလဲသြားမယ္ဆိုၿပီး ေအာ္ရီဒူး၊ တယ္လီေနာနဲ႔ အမ္ပီတီ ဆက္သြယ္ေရး ကုမၸဏီေတြက ဒီဇင္ဘာ ၃ ရက္ေန႔က စတင္ၿပီး အသုံးျပဳသူေတြထံ အေၾကာင္းၾကားေနပါတယ္။

ဝိုင္ဖိုင္အင္တာနက္ ကုမၸဏီေတြကလည္း ဒီလကစၿပီး ေဈးႏႈန္းေတြ တိုးျမင့္သတ္မွတ္မယ့္အၾကာင္း သုံးစြဲသူေတြထံ အသိေပးေနတယ္လို႔ ဝိုင္ဖိုင္သုံးစြဲသူေတြက ေျပာပါတယ္။

ခရက္ဒစ္

ဖုန်းအော်ပရေတာများ ဈေးနှုန်းတက်ပါက mytel တာဝါတိုင်များနည်းတူ ပြင်းထန်စွာအရေးယူမည်ဟု ကြေညာလိုက်တဲ့ Area 21 PDFတပ်ဖွဲ့

ဈေးနှုန်းမြှင့်မယ့် ဖုန်းအော်ပရေတာတွေကို AREA 21 Revolution Network က သတိပေး

ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်သုံးစွဲခနှုန်းထားတွေ တိုးမြှင့်သတ် မှတ်မယ်ဆိုရင် ဖုန်းအော်ပရေတာတွေကို စစ်ကောင်စီရဲ့ လက် ပါးစေတွေအဖြစ် သတ်မှတ်ပြီး တာဝါတိုင်တွေ ဖျက်ဆီးမယ်လို့ AREA 21 Revolution Network က ဒီဇင် ဘာလ ၅ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဖုန်းပြောဆိုခနဲ့ အင်တာနက်နှုန်းထားတွေ ဈေးမြှင့်သတ်မှတ်မယ်လို့ အော်ပရေတာ ကုမ္ပဏီတွေက အသိပေးလာတဲ့အတွက် ပြည်သူ့မျက်နှာကိုကြည့်ဖို့ ပြည်သူ့အကျိုးစီးပွားအတွက် လုပ် ကိုင်ဆောင် ရွက်ဖို့၊

အချိန်မီပြန်လည်သုံးသပ်ဖို့နဲ့ စစ်ကောင်စီခိုင်းသမျှ လုပ်ကိုင်နေရင် Mytel တာဝါတိုင်တွေလို ပြတ်သားစွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖုန်းအော်ပရေတာတွေကို အခုလို သတိပေးတာက AREA 21 Revolution Network အဖွဲ့အနေနဲ့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Area 21 Revolution Netwok အဖွဲ့ဟာ မြန်မာနိုင်ငံ ဒေသအ သီးသီးက စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒေသခံကာကွယ် ရေးအဖွဲ့တွေ စုစည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွန်ကြားချက်အရ ဖုန်းခေါ်ဆိုခတွေနဲ့ အင်တာနက်သုံးစွဲခတွေ မကြာခင်ပြောင်းလဲသွားမယ်ဆိုပြီး အော်ရီဒူး၊ တယ်လီနောနဲ့ အမ်ပီတီ ဆက်သွယ်ရေး ကုမ္ပဏီတွေက ဒီဇင်ဘာ ၃ ရက်နေ့က စတင်ပြီး အသုံးပြုသူတွေထံ အကြောင်းကြားနေပါတယ်။

ဝိုင်ဖိုင်အင်တာနက် ကုမ္ပဏီတွေကလည်း ဒီလကစပြီး ဈေးနှုန်းတွေ တိုးမြင့်သတ်မှတ်မယ့်အကြာင်း သုံးစွဲသူတွေထံ အသိပေးနေတယ်လို့ ဝိုင်ဖိုင်သုံးစွဲသူတွေက ပြောပါတယ်။

ခရက်ဒစ်