News

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ထောင်ဒဏ် (၄) နှစ်စီချမှတ်

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတ တို႔ကို ေထာင္ဒဏ္ (၄) ႏွစ္စီခ်မွတ္

အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ျပစ္ဒဏ္စီရင္ၿပီးပါက ေနျပည္ေတာ္ အက်ဥ္းေထာင္တြင္ ေျပာင္းေ႐ႊရန္ စီစဥ္ေနဟုသိရ

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ (၄) ႏွစ္စီခ်မွတ္ ၿပီးပါက ထားရွိရန္အတြက္ ေနျပည္ေတာ္ အက်ဥ္းေထာင္ ပရဝဏ္အတြင္း သီးသန႔္အေဆာင္တစ္ခု ေဆာက္လုပ္ေနေၾကာင္း ေနျပည္ေတာ္ရွိ အက်ဥ္းဦးစီးဌာန အသိုင္းအဝိုင္းထံက သိရသည္။

အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီက ႏိုင္ငံ့ေခါင္းေဆာင္မ်ားကို ဖမ္းဆီးထိန္းသိမ္းထားကာ ပုဒ္မအမ်ိဳးမ်ိဳးျဖင့္ တရားစြဲဆိုခဲ့ၿပီး ဒီဇင္ဘာလ ၆ ရက္ေန႔တြင္ ဒကၡိဏခ႐ိုင္တရား႐ုံးမွ ႏိုင္ငံေတာ္ ၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈပုဒ္မ – ၅၀၅(ခ)ျဖင့္ ျပစ္ဒဏ္စီရင္ခ်က္ ခ်မွတ္ရန္ ႐ုံးခ်ိန္းဆင့္ေခၚထားခဲ့ၿပီး ေထာင္ဒဏ္ (၄) ႏွစ္စီခ်မွတ္လိုက္ေၾကာင္းသိရသည္

ယင္းသို႔ျပစ္ဒဏ္စီရင္ၿပီးေနာက္ အတိုင္ပင္ခံပုဂၢိဳလ္အား လက္ရွိထိန္းသိမ္းထားသည့္ေနအိမ္မွ အက်ဥ္းေထာင္သို႔ ေျပာင္းေ႐ႊ႕မည္ျဖစ္ကာ င္းကဲ့သို႔ ေ႐ႊ႕ေျပာင္းထိန္းသိမ္းရန္အတြက္ ေနျပည္ေတာ္ေထာင္ ပရဝဏ္အတြင္း သီးျခားအေဆာင္ ေဆာက္လုပ္ေနျခင္းျဖစ္ေၾကာင္းအက်ဥ္းဦးစီးဌာန အသိုင္းအဝိုင္းထံက သိရသည္။

“စေဆာက္ေနတာ ၾကာၿပီလို႔သိရတယ္။ အေမစုကိုထားဖို႔ ေဆာက္ေနတာလို႔ သိရတယ္။ မနက္ျဖန္ ျပစ္ဒဏ္စီရင္ၿပီးရင္ ေ႐ႊ႕ဖို႔ထင္တယ္”ဟု ေနျပည္ ေတာ္ အက်ဥ္းဦးစီးဌာနႏွင့္နီးစပ္သူတဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ေနျပည္ေတာ္ရွိ အမည္မေဖာ္လိုေသာ အက်ဥ္းဦးစီးဌာနဝန္ထမ္းတစ္ဦးကလည္း ေထာင္အတြင္း၌ သီးျခားအေဆာင္ ေဆာက္လုပ္ေနေၾကာင္း အတည္ျပဳေျပာဆိုသည္။

“ေထာင္ဝန္းထဲမွာ အေဆာင္ေဆာက္ေနတာ ဟုတ္တယ္။ ဘာအတြက္လဲဆိုတာ က်ေနာ္ ေျပာခြင့္မရွိဘူး”ဟု အဆိုပါ အက်ဥ္းဦးစီးဌာနဝန္ထမ္းက ေျပာသည္။

အက်ဥ္းေထာင္ဥပေဒအရ တရား႐ုံးမွ ျပစ္ဒဏ္စီရင္ၿပီးေသာ အက်ဥ္းသားတစ္ဦးကို အက်ဥ္းေထာင္ျပင္ပတြင္ ထားခြင့္မရွိသည့္အတြက္ ေဒၚေဆာင္ဆန္းစုၾကည္အား အမိန႔္ခ်ၿပီးပါက အက်ဥ္းေထာင္အတြင္း သီးျခားအေဆာင္ျဖင့္ ထားရွိႏိုင္ေခ်မ်ားစြာရွိေၾကာင္း တရားေရးဌာနအသိုင္းအဝိုင္း သုံးသပ္ေျပာဆိုသည္။

“အက်ဥ္းေထာင္ဥပေဒအရ ျပစ္ဒဏ္အမိန႔္ခ်ၿပီးတဲ့ အက်ဥ္းသားကို အျပင္မွာ ထားလို႔မရဘူး။ ေဒၚေအာင္ဆန္းစုၾကည္လို ပုဂၢိဳလ္မ်ိဴးက်ေတာ့ တျခားအက်ဥ္းသားေတြနဲ႔ အတူထားလို႔ မရဘူး။

အမိန႔္ခ်ၿပီးမွ ေထာင္အျပင္မွာထားဖို႔ဆိုတာလည္း မျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္ကိုထားဖို႔ ေထာင္ပရဝဏ္ထဲမွာ သီးျခားအေဆာင္နဲ႔ ထားဖို႔စီစဥ္တာ ျဖစ္ႏိုင္ပါတယ္”ဟု လုပ္သက္ရင့္ တရားေရးဌာနဝန္ထမ္းတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၀၉ ခုႏွစ္အတြင္းက ေနအိမ္အက်ယ္ခ်ဳပ္ခ်ခံထားရသည့္ တကၠသိုလ္ရိပ္သာလမ္းရွိ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အတြင္း ေရကူးဝင္ေရာက္သည့္ အေမရိကန္ႏိုင္ငံသား ဂြၽန္ယက္ေတာကို လက္ခံမႈႏွင့္ပတ္သတ္၍ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္အစိုးရက အမႈဖြင့္ တရားစြဲဆိုခဲ့သည္။

အဆိုပါ အမႈအား ၾကားနာစစ္ေဆးရန္အတြက္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊဦးေဆာင္သည့္ စစ္အစိုးရက ေဒၚေအာင္ဆန္းစုၾကည္ကို အင္းစိန္ေထာင္ပရဝဏ္အတြင္းရွိ သီးျခားအေဆာင္တစ္ခုတြင္ ထားရွိအက်ဥ္းခ်ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္းတြင္ စစ္ေကာင္စီက NLD ပါတီ၏အလုပ္အမႈေဆာင္ေကာ္မတီနာယက ဦးဝင္းထိန္ကို ႏိုင္ငံေတာ္ပုန္ကန္မႈျဖင့္ ေထာင္ဒဏ္ ၂၀ ႏွစ္ခ်မွတ္ၿပီးေနာက္ ရမည္းသင္းအက်ဥ္းေထာင္သို႔ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ခရက္ဒစ္

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ထောင်ဒဏ် (၄) နှစ်စီချမှတ်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်ပြီးပါက နေပြည်တော် အကျဥ်းထောင်တွင် ပြောင်းရွှေရန် စီစဉ်နေဟုသိရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၄) နှစ်စီချမှတ် ပြီးပါက ထားရှိရန်အတွက် နေ ပြည်တော် အကျဥ်းထောင် ပရဝဏ်အတွင်း သီးသန့်အဆောင်တစ်ခု ဆောက်လုပ်နေကြောင်း နေပြည်တော်ရှိ အကျဥ်းဦး စီးဌာန အသိုင်းအဝိုင်းထံက သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားကာ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဒက္ခိဏခရိုင်တရားရုံးမှ

နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ – ၅၀၅(ခ)ဖြင့် ပြစ် ဒဏ်စီရင်ချက် ချမှတ်ရန် ရုံးချိန်းဆင့်ခေါ်ထားခဲ့ပြီး ထောင် ဒဏ် (၄) နှစ်စီချမှတ်လိုက်ကြောင်းသိရသည်

“စဆောက်နေတာ ကြာပြီလို့သိရတယ်။ အမေစုကိုထားဖို့ ဆေ ာက်နေတာလို့ သိရတယ်။ မနက်ဖြန် ပြစ်ဒဏ်စီရင်ပြီးရင် ရွှေ့ဖို့ထင်တယ်”ဟု နေပြည် တော် အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နေပြည်တော်ရှိ အမည်မဖော်လိုသော အကျဥ်းဦးစီးဌာနဝန် ထမ်းတစ်ဦးကလည်း ထောင်အတွင်း၌ သီးခြားအဆောင် ဆောက်လုပ်နေကြောင်း အတည်ပြုပြောဆိုသည်။

“ထောင်ဝန်းထဲမှာ အဆောင်ဆောက်နေတာ ဟုတ်တယ်။ ဘာအတွက်လဲဆိုတာ ကျနော် ပြောခွင့်မရှိဘူး”ဟု အဆိုပါ အကျဥ်းဦးစီးဌာနဝန်ထမ်းက ပြောသည်။

အကျဥ်းထောင်ဥပဒေအရ တရားရုံးမှ ပြစ်ဒဏ်စီရင်ပြီးသော အကျဥ်းသားတစ်ဦးကို အကျဥ်းထောင်ပြင်ပတွင် ထားခွင့်မရှိသည့်အတွက် ဒေါ်ဆောင်ဆန်းစုကြည်အား အမိန့်ချပြီးပါက အကျဥ်းထောင်အတွင်း သီးခြားအဆောင်ဖြင့် ထားရှိနိုင်ချေများစွာရှိကြောင်း တရားရေးဌာနအသိုင်းအဝိုင်း သုံးသပ်ပြောဆိုသည်။

“အကျဥ်းထောင်ဥပဒေအရ ပြစ်ဒဏ်အမိန့်ချပြီးတဲ့ အကျဥ်းသားကို အပြင်မှာ ထားလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိူးကျတော့ တခြားအကျဥ်းသားတွေနဲ့ အတူထားလို့ မရဘူး။

အမိန့်ချပြီးမှ ထောင်အပြင်မှာထားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူ း။ ဒါကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကိုထားဖို့ ထောင်ပရဝဏ်ထဲမှာ သီးခြားအဆောင်နဲ့ ထားဖို့စီစဥ်တာ ဖြစ်နိုင်ပါတယ်”ဟု လုပ်သက်ရင့် တရားရေးဌာနဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းက နေအိမ်အကျယ်ချုပ်ချခံထားရသည့် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း ရေကူးဝင်ရောက်သည့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို လက်ခံမှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှုဖွင့် တရားစွဲဆိုခဲ့သည်။

အဆိုပါ အမှုအား ကြားနာစစ်ဆေးရန်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ပရဝဏ်အတွင်းရှိ သီးခြားအဆောင်တစ်ခုတွင် ထားရှိအကျဥ်းချခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီက NLD ပါတီ၏အလုပ်အမှုဆောင်ကော်မတီနာယက ဦးဝင်းထိန်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၂၀ နှစ်ချမှတ်ပြီးနောက် ရမည်းသင်းအကျဥ်းထောင်သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခရက်ဒစ်